Chapter 105

3.4K 374 4
                                    

Chapter 105 (ညီအစ်ကိုနှစ်ယောက်ရဲ့လျှို့ဝှက်ချက်)

လူအတော်စုံနေတဲ့ ကျီအိမ်တော်ကြီးဟာ အရင်ကထပ်ပိုပြီး သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။

ကုယွမ်ကတော့ သည်အခြေအနေကို သဘောကျနေခဲ့တာပေါ့။ သည်အချိန်လို ပြီးပြည့်စုံတဲ့အချိန်မျိုးရှိမယ်တောင် မထင်ခဲ့ပါဘူး။

ဒါပေမယ့် သားအထွေးဆုံးလေးကိုတော့ အတော်လွမ်းနေပါတယ်။ အခုဆို အသက် ၁၇ နှစ်ရှိနေမယ့်
သားလေးကို သူမ သိပ်တွေ့ချင်နေလေရဲ့။

ဒါနဲ့ ကျွင်းထျန်ကရော ဘာလို့ ဒဏ်ရာရတာလဲ။ နျဲ့ယွီနဲ့ အတူတူ ဘာလို့ ကား မတော်တဆ ဖြစ်ရတာလဲ။

သူမက ကျွင်းထျန်ကို မေးတော့လည်း နျဲ့ယွီနဲ့အလုပ်ကိစ္စသွားပြောရင်း မတော်တဆ ကားတိုက်မိတာလို့ပဲ ဖြေပါတယ်။

ဒါနဲ့ သူမလည်း နျဲ့ယွီကို မေးလိုက်တယ်။
“မား၊ ဒါက ကျွန်တော် အပြစ်ပါ။ အခုကစပြီး ကျနော် အစ်ကို (၁) ကို သေချာဆက်ဆံပြီး ကူညီပေးမယ်လို့ ကတ်ိပေးပါတယ်” လို့ ပြန်ဖြေလိုက်တယ်။
ဘာလို့ ကားတိုက်မှုဖြစ်ရတာလဲဆိုတဲ့အကြောင်း
ပြချက်ကိုတော့ နျဲ့ယွီက မပြောခဲ့ပါဘူး။

သူတို့က မပြောချင်ဘူးဆိုမှတော့ သူမလည်း မမေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။

အခု သူမဟာ လန်တင်းကိုလည်း အာရုံစိုက်နေရသ
လို ကျွင်းထျန်ရဲ့ trama (စိတ်) ကိုလည်း သေချာဂရုစိုက်ပေးရမယ့် တာဝန်ရှိပါသေးတယ်။

ဒါကြောင့် လန်တင်းကို နျဲ့ယွီနဲ့ ခဏထားခဲ့ပြီး သူမက ဒေါက်တာ လော့ဆီ ဖုန်းဆက်လိုက်တယ်။

အဲ့အချိန်မှာ ဒေါက်တာ လော့က စမ်းသပ်ခန်းကနေ ထွက်လာခဲ့တဲ့အချိန်ပါ။ သူမက ကျွင်းထျန်ရဲ့ အကြောင်းကိုလည်း ပြောလိုက်ရော သူ ရုတ်တရက် ငြိမ်သက်သွားတယ်။
“ကျွန်တော်လည်း ဒီအကြောင်းကို တော်တော်ကြာမှ
ပြန်သိခဲ့ရတာ”

ကုယွမ် : “ဒေါက်တာ လော့ရယ်၊ ဘယ်လိုဖြစ်ရတာ
လဲ။ အဲ့လူတွေရော ဘယ်လိုအပြစ်ခံလိုက်ရ
လဲဟင်။ ကျွင်းထျန်ရော စိတ်ရောဂါကို ကုရသေး
လား”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now