Chapter 86

4.2K 465 9
                                    

Chapter 86 : (အဲဒါ နျဲ့ယွီရဲ့ အမေ)

နျဲ့နန်ချင်းက ဘယ်လိုလူမျိုးလဲ။

ကျီကျန်းထျင်က နျဲ့နန်ချင်းကို သစ်ပင်လူသားလို့ပြောတာက ချဲ့ကားနေခြင်း မဟုတ်။

နျဲ့နန်ချင်းကို အင်တာတိန်းမန့် အသိုင်းအဝိုင်းမှာ အလုပ်ရူးဆိုပြီး သိကြတယ်။ သူက ယောကျ်ားရော မိန်းမပါ စိတ်မဝင်စားပဲ သူ့ကိုယ်သူ အလုပ်မှာသာ နှစ်မြုပ်ထားတာလေ။

တစ်စုံတစ်ယောက်က သည်အခြင်းအရာကို မယုံကြည်ဘဲ နျဲ့နန်ချင်းကို ဆွဲဆောင်ဖို့ ကြိုးစားဖူးတယ်။ ရလဒ်ကတော့ ထိုမိန်းကလေး ကျရှုံးသွားပြီး ရက်ရက်စက်စက် ပစ်ထုတ်ခံလိုက်ရတာပါပဲ။

ဒါ့အပြင် နျဲ့နန်ချင်းပြောခဲ့တာက အလုပ်ကို အလေးအနက်ထားသင့်တယ်တဲ့။ မကောင်းတဲ့ နည်းလမ်းတွေပဲ တွေးနေမယ်ဆိုရင် မင်းရဲ့ အလုပ်မှာ အာရုံစိုက်နိုင်မှာ မဟုတ်ဘဲ အလုပ်ကို မလေးစားရာရောက်တယ်ဆိုပဲ။

အဲ့လိုနဲ့ အမှတ်မရှိဘဲ သူ့ကိုဆွဲဆောင်ဖို့ ကျရှုံးခဲ့တဲ့ ပန်းပွင့်လေးတွေဟာ အလုပ်ကို လေးစားကြဖို့ သြဝါဒ အခြွေခံရတော့တာပေါ့။

သူက တကယ်ကို နှလုံးသား မာကျောတဲ့ အမျိုးသားတစ်ယောက်ပါ။

နောက်ပိုင်း အင်တာတိန်းမန့်အသိုင်းအဝိုင်းမှာ သိုဝှက်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ သူ့အနား ကပ်ရဲတဲ့ မိန်းကလေး မရှိတော့ဘူး။
လူတိုင်းက နျဲ့နန်ချင်း မိန်းကလေးတွေကို စိတ်မဝင်စားဘူးဆိုတာ သိသွားကြတယ်။

မဟုတ်သေးဘူး။ သူက မိန်းကလေးတွေ သာမက ယောကျ်ားလေးတွေကိုလည်း စိတ်မဝင်စားပါဘူး။

အကျဥ်းချုံ့ရရင် သူက အလုပ်ကလွဲပြီး ဘယ်အရာမှ စိတ်မဝင်စားတာပါ။

နှစ်ပေါင်းများစွာ သည်အမျိုးသားက လူတွေရဲ့ နှလုံးသားမှာ အမြစ်တွယ်ခဲ့တယ်။ သူ့လိုလူမျိုးက ဘယ်လိုလုပ်ပြီး သားတစ်ယောက်ရလာလဲဆိုတာကို ဘယ်သူမှ မတွေးနိုင်ကြပါဘူး။

လူတိုင်းက သည်သားကို မွေးစားထားတာလို့ ထင်ခဲ့ကြတယ်။ ဒါမှမဟုတ် နည်းလမ်းတစ်ခုခုသုံးပြီး ရယူထားတဲ့ သူ့သားအရင်းလည်း ဖြစ်နိုင်တာပဲ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now