Chapter 77

3.8K 470 2
                                    

Chapter 77 (ကျွန်တော်က ဆီလျော်မှု မရှိတဲ့သူလား)

နျဲ့ယွီက ကုယွမ်ကို လေလံပွဲခန်းမထဲသို့ ခေါ်သွားခဲ့တယ်။ ခန်းမရဲ့မြင်ကွင်းမှာ ကြီးကျယ်ခမ်းနားတဲ့ လေထုကို ပေးစွမ်းနေလေရဲ့။

အစပိုင်းမှာ နျဲ့ယွီကို လာနှုတ်ဆက်ကြတဲ့ လူတွေရှိပြီး ကုယွမ်ကို စိတ်ဝင်တစား ကြည့်သွားကြတယ်။

နျဲ့ယွီရဲ့ ရည်းစားများတဲ့ အချက်ကို လူတိုင်းသိကြတယ်လေ။ အချို့ မထင်မရှား ဆယ်လီလေးတွေနဲ့ စတားပေါက်စလေးတွေဟာ သူတို့ကိုယ်သူတို့ မျှော်လင့်ချက်ရှိသေးတယ်လို့ တွေးထားကြတယ်။ ဒါပေမယ့် သခင်လေးနျဲ့က သည်နေရာကို ကောင်မလေးတစ်ယောက်ခေါ်လာမယ်လို့တော့ မမျှော်လင့်ထားခဲ့ကြဘူး။

ဒါက ပုံမှန် မဟုတ်ဘူးလေ။ နျဲ့ယွီကို နှုတ်ဆက်ရန် ရှေ့တိုးလာပြီး ကုယွမ်ကို ခိုးကြောင်ခိုးဝှက်ကြည့်သွားကြတယ်။

နျဲ့ယွီကတော့ ထိုအကြည့်တွေကို ဂရုစိုက်ရမှာ ပျင်းလွန်းတာကြောင့် ကုယွမ်ကို တိုက်ရိုက်ပဲ သီးသန့်လမ်းကြောင်းကနေ ဧည့်ခန်းမထဲ ခေါ်သွားခဲ့တယ်။

ဧည့်ခန်းမထဲမှာ နျဲ့နန်ချင်းက လော့ကျွင်းထျန်နဲ့ ရင်းနှီးစွာ စကားဖလှယ်နေကြတယ်။

သည်အချိန်မှာ နျဲ့နျန်ချင်းလည်း သူ့သားပြောလို့ လော့ကျွင်းထျန်အကြောင်းကို သိထားပြီးပါပြီ။
သူက သူ့သားရဲ့ သွေးတစ်ဝက်နှောတဲ့ အစ်ကိုပဲ။

အင်တာတိန်းမန့်လောကထဲမှာ ကျင်လည်နေသူတစ်ယောက်အနေနဲ့ နျဲ့နန်ချင်းဟာ အရင်ကတည်းက လော့ကျွင်းထျန်ကို သိပြီးသားပါ။ သူ့ရဲ့ အုပ်စုကတောင် လော့ကျွင်းထျန်နဲ့ အကြိမ်ပေါင်းများစွာ ပူးပေါင်းဖူးပါတယ်။

သည်လူငယ်လေးကို သူတကယ် လေးစား ဂုဏ်ယူတယ်။ အင်တာတိန်းမန့် လောကမှာ သူက ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပေါ့။

သူ့ရှေ့က လူငယ်လေးဟာ မီးခိုးရောင် ဝတ်စုံနဲ့ အနက်ရောင် လည်ပိတ်ဆွယ်တာကို အထက်တန်းကျကျဝတ်ထားပြီး သူ့ရဲ့နှုတ်ခမ်းပေါ်မှာ နူးညံ့သိမ်မွေ့ကာ လူကြီးလူကောင်းဆန်တဲ့ အပြုံးကို ချိတ်ဆွဲထားတယ်။ ရင့်ကျက် တည်ငြိမ်မှု အပြည့်ပါပဲ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now