Chapter 93

3.7K 426 1
                                    

Chapter 93 (ကလေး အထူးအနှိပ်ပညာ)

ကျီချီစန်းက အိပ်ခန်းထဲမှာ မတ်တပ်ရပ်နေပြီး သူ့အရှေ့က ကလေးကို တည်ငြိမ်စွာ စစ်ဆေးနေခဲ့တယ်။

အခု သူ့ရဲ့မားက ဟော်လန်တင်းလို့ ခေါ်တဲ့ ကလေးကို အိပ်ဖို့ ချော့သိပ်နေလေရဲ့။ ကလေးတွေက အိပ်ယာစောစောမဝင်ရင် အရပ်ရှည်လာမှာမဟုတ်ဘူးလို့ သူမက ချော့မော့ပြီး ပြောနေတယ်။

ဟော်လန်တင်း : "ဒါပေမယ့် ကျွန်တော့်ရဲ့ ဗိုက်က နေလို့မကောင်းတော့ အိပ်မပျော်ဘူး အန်တီ"

ကုယွမ် : "အိပ်ယာထဲမှာ လှဲပြီး မင်းရဲ့မျက်လုံးတွေမှိတ်ထားလိုက်။ ပြီးရင် တစ် နှစ် သုံး လေး ငါး…ဖြေးဖြေးချင်း ရေတွက်ကြည့်၊ မကြာခင် အိပ်ပျော်သွားလိမ့်မယ်"

ဟော်လန်တင်းက မျက်တောင်ခတ်လိုက်ပြီး ...
"ဘယ်လို ရေတွက်ရတာလဲ"

ကုယွမ် : "သိုးလေးတွေ ရှိနေတယ်လို့ စိတ်ကူးပြီး ရေတွက်လိုက်၊ အန်တီ အိပ်မပျော်ရင် အဲ့လိုပဲ လုပ်နေကျလေ"

ဟော်လန်တင်းက သူ့ရဲ့နှုတ်ခမ်းတွေကို ဖိကပ်လိုက်ပြီး စကားပြောတာ ရပ်သွားတယ်။

ကုယွမ်က သည်ကလေး ရှက်နေတယ်လို့ ထင်သွားတာပေါ့။
"အန်တီ၊ မင်းနဲ့ အတူရေတွက်ပေးမယ်လေ။ အိပ်ပျော်သွားမှာပါ"

ဟော်လန်တင်းက တိတ်တိတ်လေး ကုယွမ်ကို ခိုးကြည့်လိုက်ပြီး
"အိုခေ၊ ဒါဆို ကျွန်တော် အပ်မပျော်သေးခင်အထိ အတူတူ ရေတွက်ပေးရမယ်နော်"

ကုယွမ်က အလျင်အမြန် ခေါင်းညှိတ်လိုက်တယ်။
"အွန်း..အွန်း"

တစ်ဖက်မှာတော့ ကျီချီစန်းတစ်ယောက် အတွေးထဲ နစ်မြုပ်နေချိန် အိမ်တော်ထိန်း သွမ့်မူ ရောက်လာခဲ့တယ်။ ကုယွမ်က ဟော်လန်တင်း တစ်ခုခုစားပြီးပြီလားလို့ မေးတော့ အိမ်တော်ထိန်းက ဝမ်းနည်းနေတဲ့အမူအယာဖြင့် ပြန်ဖြေတယ်။

"သခင်လေးက ဘာမှမစားရသေးပါဘူး"

ဟော်လန်တင်းက အဲဒါကိုကြားတော့ သူ့ရဲ့ဗိုက်ထဲက 'ဂွီ' ဆိုပြီး ပူးပေါင်းအချက်ပြလာလေရဲ့။
"ကျွန်တော် မစားချင်ဘူး"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now