Chapter 87 (ဟော်ချန်းချန်းရဲ့ လျို့ဝှက်ချက်)
စာကြည့်ခန်းထဲမှာ ဟော်ကျင်းချန်တစ်ယောက် အိမ်တော်ထိန်း သွမ့်မူရဲ့ အစီရင်ခံစာတစ်ခုကို လက်ခံရရှိခဲ့တယ်။
သူ့ရဲ့ လက်ချောင်းထိပ်လေးတွေက ရှေးဟောင်းသစ်သားစားပွဲကို ညင်သာစွာ ထိတွေ့နေလေရဲ့။
သေချာတာပေါ့။ ကျွန်းပေါ်မှာ တွေ့ခဲ့ဖူးတဲ့ ကုယွမ်လို့ခေါ်တဲ့ မိန်းကလေးကို သူသိပါတယ်။ သူက ပုံမှန်ဆိုရင် မိန်းကလေးတွေကို တစ်ချက်ကြည့်ပြီးတာနဲ့ မေ့လျော့သွားတတ်ပေမယ့် ကုယွမ်ကိုတော့ သူမှတ်မိတယ်။
အကြောင်းအရင်းမှာ လန်တင်းက ထိုမိန်းကလေးကို စတွေ့ကတည်းက ပုံမှန်မဟုတ်တဲ့ စိတ်ဝင်စားမှုမျိုး ရှိနေတာကြောင့် ဖြစ်နိုင်မလား။
သူ့ရဲ့သားက ထိုမိန်းကလေးကိုရှာဖို့ စက်လှေကနေ လစ်ထွက်သွားတယ်ဆိုတာ သူသိပါတယ်။
သူ့ရဲ့ မျက်လုံးတွေကို ပိတ်လိုက်ပြီး ထိုမိန်းမငယ်လေးရဲ့ အသွင်အပြင်ကို ပြန်စဥ်းစားလိုက်တော့ သူမရဲ့မျက်နှာကို မမှတ်မိဘူး။
သူ မှတ်မိတာ တစ်ခုက သူမမှာ ကြည်လင်နေတဲ့ မျက်လုံးတွေ ရှိပြီး သူ့ကို စိတ်ဝင်တစား စပ်စုတဲ့အကြည့်မျိုး ဒါမှမဟုတ် လေးစားနေတဲ့အကြည့်မျိုးနဲ့ ကြည့်နေခဲ့တာလား။
ဒါပေမယ့် သူက မိန်းကလေးဆီက သတိထားမိခံရတာကို မကြိုက်ခဲ့ပါဘူး။
ရုတ်တရက် စိတ်တိုလာပြီး ဟော်ကျန်းချန်က မျက်မှောင်ကျုံ့ကာ သူ့ရဲ့ခေါင်းကို ငုံ့လျက် အိမ်တော်ထိန်း သွမ့်မူကို အကြောင်းပြန်လိုက်တယ်။
"သူ့နောက်ကို လိုက်ပေးပါ၊ ဒါပေမယ့် တစ်ပတ်အတွင်း ပြန်လာရမယ်"အိမ်တော်ထိန်း သွမ့်မူ : "ဟုတ်ကဲ့ပါ"
WeChat ကို ပိတ်လိုက်ပြီး ဟော်ကျန်းချန်တစ်ယောက် ရေချိုးခန်းထဲ သွားမယ့်အချိန်မှာ တံခါးဘဲလ်က မြည်လာခဲ့တယ်။
"သခင်....ဒေါက်တာ ပီတာစန် စောင့်နေပါတယ်"
"ငါ ဒီနေ့ ဒေါက်တာပီတာစန်နဲ့ ချိန်းထားတာလား"