Chapter 161

2.3K 191 3
                                    

Chapter 161 (ညီအစ်ကိုတွေကြားက နှစ်သိမ့်မှု)

ဟော်ယွဲ့ ဟိုတယ်က အလွှာ ၃၀ ခန့်ရှိပြီး ကုယွမ်နဲ့ သားတွေက အပေါ်ဆုံးအလွှာမှာ နေကြတယ်။

ကုယွမ်တစ်ယောက် သူမ အခန်းထဲက အိပ်ယာပေါ်မှာ လှဲလျောင်းရင်း ကျောက်စိမ်း ပုစဥ်းရင်ကွဲလေးကို ကြည့်နေခဲ့တယ်။

ကုယွမ်မှာ လက်ဝတ်ရတနာတွေ မပြတ်လတ်နေပါဘူး။ သူမရဲ့ သားတွေက ရက်ရောကြတယ်။ အထူးသဖြင့် နျဲ့ယွီနဲ့ ချီစန်းတို့က အဆင့်မြင့်ဇိမ်ခံ လက်ဝတ်ရတနာတွေကို တစ်ခုပြီးတစ်ခု ပို့ပေးကြတာပါ။ ဒါပေမယ့် သည်ကျောက်စိမ်း ပုစဥ်းရင်ကွဲလေးကတော့ ကွဲပြားတယ်လေ။

သည်လို နူးညံ့ပြီး အနုပညာလက်ရာမြောက်တဲ့ ကျောက်စိမ်းပုစဥ်းရင်ကွဲလေးကို ရက်အနည်းငယ်လောက်နဲ့ မထုထွင်းနိုင်ပါဘူး။

ကုယွမ်တစ်ယောက် ကျောက်စိမ်း ပုစဥ်းရင်ကွဲလေးကို ဂရုတစိုက်ဖြင့် သေတ္တာလေးထဲ ပြန်ထည့်ထားလိုက်တယ်။

သူမရော သူ့ကို လက်ဆောင်တစ်ခု ပြန်ပေးသင့်လား။

သူမ အချိန်အတန်ကြာ စဥ်းစားပေမယ့် ဘာပေးရမှန်း မသိတာကြောင့် ကမ်မလီကို အကူအညီ တောင်းဖို့ ဆုံးဖြတ်လိုက်တယ်။

ကမ်မလီ : "ယွမ်ယွမ်…ရှင် နောက်ဆုံးတော့ ငါ့ကိုသတိရပြီပေါ့လေ၊ ဘာလို့ Wechat မှာ စာမပြန်ရတာလဲ"

ကုယွမ် : "ငါ စာမပြန်ခဲ့မိဘူးလား"

ကမ်မလီ : "ကုယွမ်ယွမ်၊ ကျွန်မ ရှင့်ကို ဘယ်လောက်တောင် စိုးရိမ်နေခဲ့လဲဆိုတာ သိရဲ့လား"

ကုယွမ်က အပြစ်ရှိသလို ခံစားလိုက်ရတယ်။
"ငါ မှားပါတယ်၊ ငါ့ အမှားပါဟယ်"

ကမ်မလီ : "နင် ဘာတွေ လုပ်နေတာလဲ၊ အင်တာနက်ပေါ်မှာလည်း ပွက်လောရိုက်နေပြီ"

ကုယွမ်က သူမ ဖြစ်ပျက်ခဲ့တာတွေနဲ့ ဟော်ကျင်းချန် အကြောင်းကို အသေးစိတ် မြန်မြန်ပြောပြလိုက်တယ်။

"သူက ကောင်းကင်ပေါ်က ကျလာပြီး ရှင့်ကိုကယ်ခဲ့တာလား၊ ပြီးတော့ ရှင်တို့က ရိုမန့်တစ်ဆန်ဆန် ချိန်းတွေ့ခဲ့ကြတာလား၊ အိုးမိုင်ဂေါ့"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now