Chapter 39

4.6K 524 1
                                    

Chapter 39

ကျန်တဲ့ သားသုံးယောက်လား။

ကမ်မလီက ဒီလိုပြောတဲ့အခါ ကုယွမ် အံ့သြသွားတယ်။

ပထမတော့ သူမမှာ သားငါးယောက်ရှိတယ်ဆိုတာ ကြားလိုက်ရတဲ့အချိန်မှာ သူမရဲ့ ပထမဆုံးတုံ့ပြန်မှုက ပြေးဖို့ပါပဲ။

နောက်ဆုံးမှာတော့ သူမက အသက် ဆယ့်ရှစ်နှစ်သာ ရှိသေးပြီး အိမ်ထောင်မပြုရသေးကြောင်း မသိစိတ်က လက်ခံထားခဲ့တယ်။

ရုတ်တရက်ကြီး သူမမှာ သားငါးယောက်ရှိလာတယ်။

အများကြီးတွေ့ကြုံခဲ့ရပြီးနောက် သူမဟာ အသက် ၁၈ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် မဟုတ်တော့ဘဲ အသက် ၂၀ အရွယ် မိခင်တစ်ယောက်ဖြစ်ကြောင်း နောက်ဆုံးမှာ လက်ခံလိုက်ပါတယ်။

ကုယွမ် အမေအိုတစ်ယောက်ရဲ့ အခန်းကဏ္ဍကို လျင်မြန်စွာ ဝင်ရောက်ခဲ့ပြီး သားနှစ်ယောက်ရဲ့ မွေးနေ့အကြောင်း တွေးကာ သူတို့ကြားဆက်ဆံရေးကို ပြေလည်အောင် ဆောင်ရွက်ပေးချင်ခဲ့တယ်။

ဒါပေမယ့် အစကတည်းက သူမရဲ့ အခြားသားသုံးယောက် ဘယ်နေရာမှာရှိနေလဲဆိုတာကို မတွေးခဲ့မိပါဘူး။

သူမသိသလောက်တော့ အသက် ၂၄ နှစ်အရွယ် သားကြီးတစ်ယောက်ရှိပါသေးတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ကျီချီစန်း နဲ့ နျဲ့ယွီ ထက် ငယ်မယ်ထင်တယ်။

သူတို့ အရွယ်ရောက်လာကြပြီလား။ သူတို့ ကောင်းကောင်း ကြီးပြင်းလာရဲ့လား။ သူတို့ ဘာတွေများ လုပ်နေကြမလဲ။ သူတို့ရဲ့ ဘဝက ကျေနပ်စရာကောင်းရဲ့လား။ သူတို့ရဲ့ အကျင့်စရိုက်တွေကရော ဆိုးလား၊ ကောင်းလား ...

သူမ, သားတွေကို တွေးကြည့်တော့ ကျီချီစန်း က ချမ်းသာပေမယ့် သူ့အဖေနဲ့ သားဆက်ဆံရေးက ကွဲကွာနေတယ်။ သူ့ မွေးနေ့ကိုတောင် ဂရုမစိုက်ဘူး။ သူက အမြဲလည်ပတ်နေတဲ့ ငွေရှာစက်တစ်လုံးနဲ့ တူနေတယ်။

တစ်ဖက်မှာတော့ နျဲ့ယွီက ပိုပြီး လူသားဆန်ပေမယ့် ဒီကလေးက ရိုင်းစိုင်းတယ်။ အခြားသားသုံးယောက်မှာလည်း တစ်ခုခုမှားနေခဲ့ရင် သူမရဲ့အပြစ်တွေပဲ ဖြစ်ပါလိမ့်မယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now