Chapter 66

4K 491 1
                                    

Chapter 66 (ဝမ်ထောင်နှင့်ဂယက်)


လင်လုဟာ အခြေအနေကို ရိပ်မိလိုက်ပြီး ပြောလိုက်တယ်။

"ကျွန်မတော့ ဒါက အစီအစဉ်ထဲပါတယ်လို့ မထင်ဘူးနော်။ ဘယ်လိုဖြစ်တာလဲ။ ရှင်ရော သိလား"

"ကျွန်တော်လည်း မသိဘူးလေ။ ဒါရိုက်တာ ဝမ်ထောင် ပြောသလိုပဲ လာပြောပေးတာ၊ ခင်ဗျားနားမလည်ရင် သူ့သွားမေးပေါ့"

ကုယွမ် : "ဒါရိုက်တာ နင်ရော၊ ဇာတ်ညွှန်းအကြောင်းပြောမယ်ဆို သူလည်း ပါမှဖြစ်မှာပေါ့။

ဒါနဲ့ ပြီးခဲ့တဲ့ဇာတ်ညွှန်းကိုတော့ ဒါရိုက်တာနင်နဲ့ သေချာဆွေးနွေးပြီးသွားပြီ"

"ဒါရိုက်တာနင်က အခုမရှိဘူး။ ဒီတော့ လက်ထောက်ဒါရိုက်တာနဲ့ပဲ ဆက်ပြောကြပေါ့"

ကုယွမ်လည်း အလုပ်သဘောအရ ဖြစ်နေတာနဲ့ ဝမ်ထောင့် လက်ထောက်နဲ့အတူတူ ယာယီအဆောက်အဦးဆီကို လိုက်သွားခဲ့ပါတယ်။

သူတို့ရိုက်ကွင်း နားတဲ့နေရာက စုတ်ချာလှတယ်။

လက်ထောက် : "ဒါရိုက်တာ ဝမ်ထောင် အထဲမှာ စောင့်နေတယ်။ ဝင်သွားလိုက်ပါ"

လက်ထောက် ထွက်သွားတာနဲ့ လင်လုက ကုယွမ်ကို ခပ်တိုးတိုးကပ်ပြောလိုက်တယ်။

"ဒါရိုက်တာက နင့်ကိုခေါ်တာဆိုတာ ငါလိုက်လို့ မရဘူး။ ဒါပေမယ့် တစ်ခုခုဆို ငါ့ကို အော်ခေါ်လိုက်နော်။ ငါ ဒီမှာရှိနေမယ်၊ ဒီနေရာက ရိုက်ကွင်းဆိုတော့ နင့်ကို ဘာမှလုပ်မရပါဘူးဟာ"

ကုယွမ် : "ဟုတ်ပြီ။ ကျွန်မ အခြေအနေကြည့်ပြီး လှုပ်ရှားလိုက်မယ်"

ကုယွမ်တစ်ယောက် အခန်းထဲဝင်သွားပြီးနောက် လင်လုကတော့ အပြင်ကနေ စိတ်ပူစွာ စောင့်ဆိုင်းနေခဲ့တာပေါ့။

ဒါကြောင့် သူမ ဘာမှမသိသလို ဟန်ဆောင်ပြီး အခန်းတံခါးကို ခေါက်ရင် ကောင်းမလားလို့တောင် စဉ်းစားနေမိခဲ့တယ်။

ဒါပေမယ့် တကယ်သာ တစ်ခုခုဖြစ်နေရင် သူမမှာ တုံ့ပြန်နိုင်မယ့် အင်အားမျိုး မရှိဘူးလေ။

ခဏတာ စဉ်းစားပြီးတဲ့နောက် သူမ စိတ်ထဲ အဖြေ

တစ်ခု ထွက်လာတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now