Chapter 60

4.5K 494 3
                                    

Chapter 60 (ခေါင်းဆောင်မင်းသမီး ကြေညာ
ခြင်း)

ကြည့်နေကြတဲ့ သူတွေအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်။ သူတို့က ခပ်ငယ်ငယ် ကောင်မလေးကို စပွန်ဆာဘဲကြီးက အမ်းနေတယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ ကုယွမ်ဟာ ကောင်းမွန်စွာဝတ်စားထားတဲ့ အိမ်တော်ထိန်းက အရိုအသေပေးရတဲ့ လူချမ်းသာ သခင်မလေး ဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။

ဒါကို ဘယ်သူကများ သတင်းဖြန့်ခဲ့တာလဲ။

လူတွေအားလုံးရဲ့အကြည့်က ဟော်စစ်ကျားဆီရောက်လာခဲ့ပါတယ်။

ဟော်စစ်ကျားမှ မဟုတ်ရင် ဘယ်သူကများ သတင်းဖြန့်နိုင်ဦးမှာလဲ။

ဟော်စစ်ကျားကတော့ တခြားသူတွေအတွေးနဲ့အကြည့်ကို အာရုံမစိုက်နိုင်ပဲ ကုယွမ်ရဲ့စကားကိုပဲ မယုံကြည်နိုင်ဖြစ်နေပါတယ်။
“ကုယွမ်၊ နင် အဓိပ္ပာယ်မရှိတာတွေပြောနေတာပဲ။ နင့် အိမ်တော်ထိန်းက နာမည်ကြီး Porsche ကားစီးနိုင်တယ်၊ ဟုတ်လား”

ကျောင်းသူတွေကလည်း ဆယ်သန်းလောက်တန်တဲ့ကားကို အိမ်က အလုပ်သမားက စီးတယ်ဆိုတာကို မယုံနိုင်ကြပါဘူး။

ကုယွမ် (မျက်မှောင်ကြုတ်လျက်) : “ဘာလို့ မစီးနိုင်ရမှာလဲ”

ဒါ တကယ် ကုယွမ် သိချင်နေတာပါ။ ချီစန်းက အကန့်အသတ်မဲ့ ကားဝယ်ပေးမယ် ဆိုတာတောင် လူအများကြားထင်ပေါ်မှာဆိုလို့ ဒီကားလေးပဲဝယ်ပေးခိုင်းထားတာလေ။

တစ်ဖက်မှာတော့ ဟော်စစ်ကျားတစ်ယောက် ဘာမှ
ပြန်မပြောနိုင်တော့ပါဘူး။

ဟုတ်တယ်လေ။ သူ့အဖေတောင် ဝယ်မစီးနိုင်တဲ့ကားကို ဘာလို့ နင်တို့အိမ်က အိမ်တော်ထိန်းက ဝယ်စီးနိုင်ရတာလဲလို့ မမေးနိုင်ဘူး မဟုတ်လား။

အနီးအနားက လူတွေကလည်း ပြောစရာစကား ဆွံ့အ,သွားကြတယ်။

သည်အခြေအနေကိုမြင်မှ ကျူးကော အိမ်တော်ထိန်းလည်း နားလည်သဘောပေါက်ခဲ့ပါတယ်။ ကြည့်ရတာ မမလေးကို အတန်းထဲကသူတွေက မရှိဆင်းရဲသားလို့ အထင်မှားနေတာဖြစ်မယ်။ ဒါကြောင့် သူ့အနေနဲ့ သူတို့တွေ ပါးစပ်အဟောင်းသားဖြစ်သွားအောင် ပြုမူပြောဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ကျွန်တော့်လို အိမ်တော်ထိန်းတစ်ယောက်အနေနဲ့ ဒီလိုကားမျိုးရှိတာ အံ့ဩစရာပေမယ့် သခင်လေးက အရမ်းသဘောကောင်းတော့ ကျွန်တော့်ကို ဈေးချိုတဲ့ ဒီကားလေးကို ဟိုနားဒီနား သွားဖို့ဆိုပြီး လက်ဆောင်ပေးခဲ့တာပါ”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now