Chapter 32

4.7K 521 3
                                    

Chapter  32

ကုယွမ်ဟာ သူ့အခန်းဖော်နှစ်ယောက်နဲ့အတူတူ နေ့လည်စာ သွားစားခဲ့ပါတယ်။ အရင်တစ်ခေါက် သူမစားတုန်းက တစ်ထောင်တောင် မကျော်ဘူး။ ဒါကြောင့် သူမ ဘေလ်စာရွက်ကို မကြည့်ပဲ တန်းငွေချေခဲ့ပါတယ်။

အခန်းဖော်နှစ်ယောက်ကတော့ ပူပန်စွာ အစားအသောက်တွေကို မြိုချနေရပါတယ်။ ကုယွမ် ပိုက်ဆံ မရှင်းနိုင်မှာ စိုးလို့ပါ။ အဲဒီနောက် ကုယွမ်ဟာ အနက်ရောင် ငွေကဒ်သုံးကဒ်ကို ထုတ်လိုက်တဲ့အခါ သူတို့နှစ်ယောက်လုံး အရမ်းအံ့ဩသွားခဲ့ပါတယ်။

ကုယွမ်က ဘာမှမဖြစ်သလို အိတ်ထဲပြန်ထည့်လိုက်တာကို ကြည့်ပြီး သူတို့တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ ကုယွမ်ဟာ ချမ်းသာတဲ့ မိသားစုက လာတယ်ဆိုတာ သေချာပါပြီ။ ဒါကြောင့် သူတို့ ပူပန်တာတွေ မရှိတော့ပဲအစားအစာကို ပျော်ရွှင်စွာ စားနေကြပါတယ်။

ကုယွမ်က အရမ်းချမ်းသာပြီး သူတို့အပေါ်အရမ်းကြင်နာတာပဲလို့ တွေးလိုက်ကြတယ်။

နေ့လည်စာ စားပြီးတဲ့နောက် အတန်းထဲကိုပြန်လာခဲ့ကြတာပေါ့။ ဒီနေ့ အတန်းချိန်ကတော့ နာမည်ကြီး ဆရာလုရန်ရဲ့အတန်းပါ။ အတန်းပြီးတဲ့အခါ ဆရာလုရန်က ရှင်းရင်း အင်တာတိန်းမိန့်ကနေ စီးရီး အသစ်ရိုက်မယ်လို့ ပြောခဲ့ပါတယ်။ အဲ့အတွက် မျက်နှာသစ်သရုပ်ဆောင်တွေခေါ်နေတယ်တဲ့။

ဆရာလုရန်ရဲ့စကားကိုကြားတာနဲ့ ကျောင်းသူတွေက စိတ်အားထက်သန်စွာ အသေးစိတ်ကို မေးကြတာပေါ့။ သူတို့ထဲကတစ်ယောက်က မင်းသား ဘယ်သူလဲလို့ မေးလိုက်တယ်။

ဆရာလုရန် : “မင်းသားကိုတော့ ရွေးပြီးသွားပြီ။ လော့ကျွင်းထျန်လေ။ ဒါပေမယ့် တပည့်တို့ စိတ်ဝင်စားရင် အရန်နေရာအတွက် ကြိုးစားလို့ရသေးတယ်”

ဒါက ဒီအင်တာတိန်းမန့်ရဲ့တကယ့်နှစ်လို့ ပြောနိုင်ပါတယ်။ ဒါရိုက်တာကလည်း နာမည်ကြီး နင်စန်းယွဲ့ပါ။ ဒီတော့ အရန်နေရာမှာ လိုချင်တဲ့သူတွေက မနည်းမနော ရှိနေပါတယ်။ ဘာလို့အသစ်တွေကိုရွေးတာလဲဆိုတော့ ဒါရိုက်တာက ဒီကားမှာ မျက်နှာသစ်သရုပ်ဆောင်တွေ မွေးထုတ်ချင်လို့ပါတဲ့။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Tempat cerita menjadi hidup. Temukan sekarang