Chapter 94 (တာဝန်မကျေတဲ့အဖေ)
ဟော်လန်တင်းရဲ့ အစာအိမ်အောင့်တာကို ကုယွမ်
သံသယဖြစ်ပေမယ့် သူမက ကလေးနဲ့အတူတူ အိပ်ပေးလိုက်ပါတယ်။ ကုယွမ် အရှေ့မှာတော့ ကလေးက လိမ္မာပါရဲ့။ သူက တကယ်ရိုးရှင်းတဲ့ ကလေး
တစ်ယောက်ပါ။ဟော်လန်တင်းဟာ သူမရဲ့ လက်မောင်းပေါ်မှာ အိပ်မောကျနေပြီး ကလေးရဲ့ နို့နှစ်ရောင် အသား အရည်က တကယ့်ကို လှပဖြူစင်လှပါတယ်။
ဒါပေမယ့် သည်ကလေးက တကယ့်အဆိုးလေး။
ကုယွမ် တစ်ယောက် အိပ်ပျော်သွားခဲ့ပြီး ညလယ်
ခေါင်ရောက်တဲ့အချိန်မှာ ဟော်လန်တင်းရဲ့ ညည်းညူသံ သေးသေးလေးကြောင့် လန့်နိုးလာခဲ့တယ်။
“အား… ဗိုက်နာလိုက်တာ၊ သေပါပြီ… …”ကုယွမ်က အနာများ သက်သာမလားဆိုပြီး ဟော်လန်တင်းကို ဖက်လိုက်ပြီး ခဏအကြာမှာတော့ သွမ့်မူ အိမ်တော်ထိန်းကို ခေါ်လိုက်တယ်။
အစက သည်ကလေးက လိမ်ညာနေတာပါ။ အခု
ကရော သူ ညာနေတာပဲလား ...ကုယွမ် : “ဟော်လန်တင်း၊ မင်း ကလေးထိန်းနည်း
ဆိုတာကို ကြားဖူးလား”ဟော်လန်တင်း (မျက်ရည်စများဖြင့်) : “ဟင်၊ မကြားဖူးပါဘူး။ ဘာကြီးလဲ”
ကုယွမ် : “ဗိုက်အောင့်တယ်လို့ ညာပြောလို့ ဗိုက်ကိုဓါးကြီးနဲ့ ခွဲပစ်လိုက်တာလေ။ အခု မင်း ထပ်ညာနေရင် ငါ အဲ့လိုလုပ်မှာနော်”
ဟော်လန်တင်း : “ဟာ၊ သား တကယ်ဗိုက်နာ နေတာဗျ။ ညာနေတာ မဟုတ်ဘူး”
သူဟာ အိပ်ရာပေါ်မှာ လူးလှိမ့်နေတယ်။
သည်ပုံစံလေးဟာ တကယ့်ကို သနားစရာကောင်းလှပါတယ်။
ဒါကြောင့် သည်ကောင်လေး ဟန်ဆောင်နေတာလား။ တကယ်နာနေတာလားဆိုတာ သူမ ဝေခွဲမရဖြစ်နေခဲ့တာပေါ့။
သည်ကလေးက သူမကို ခဏခဏလှည့်စားခဲ့ပြီးပါပြီ။ ဒါကြောင့် သူမ, မယုံချင်ပေမယ့် အခု သူ့ပုံစံကတကယ်ဖြစ်နေသလိုပါပဲ။
ဒါကြောင့် ကုယွမ်ဟာ သွမ့်မူ အိမ်တော်ထိန်းကို ခပ်မြန်မြန်ခေါ်လိုက်တယ်။
သွမ့်မူ အိမ်တော်ထိန်း : “သခင်လေး ...”
ကုယွမ် : “ရှင်တို့ သခင်လေးက ညလယ်ခေါင်ကြီး
ဗိုက်တွေအရမ်းနာလာလို့၊ ဆရာဝန် ခေါ်ပေးပါဦး”