Chapter 158

2.3K 197 3
                                    

Chapter 158 (အမျိုးသားနဲ့ သားတွေကြားက တိုက်ပွဲ)

ဟော်ကျင်းချန်ရဲ့ နှလုံးသားထဲမှာ သူ့ရဲ့ ချိန်းတွေ့မယ့် အစီအစဥ်က ပြီးပြည့်စုံတယ်။ အခြေအနေအရ ပုံစံအနည်းငယ် ပြောင်းလဲသွားရင်တောင်မှ ပြီးပြည့်စုံနေတုန်းပဲ။

ဒါပေမယ့် အခု သူ့ရဲ့ ချိန်းတွေ့မှုကြီးက လုံးဝ ပျက်စီးသွားခဲ့လေပြီ။

အပြန်လမ်းမှာ ဟော်လန်တင်းနဲ့ ကျန်းယင်ဖုန်းတို့က ကားတစ်ခုထဲမှာ အတူတူရှိနေတယ်။ ကျန်းယင်ဖုန်းက တစ်ဖက်မှာ ထိုင်နေပြီး သူမ ပျောက်ကွယ်သွားမှာကို စိုးရိမ်နေသည့်အလား လက်တစ်ဖက်ကို တင်းကြပ်စွာ ကိုင်ထားတယ်။

ဟော်လန်တင်း : "မား၊ တကယ်ပဲ ပါးနဲ့ ချစ်နေကြပြီလား၊ ဟမ်…ကျွန်တော့်ကို ပြောပြလေ"

ထိုသတင်းကို ရပြီးကတည်းက ဟော်လန်တင်းမှာ မျှော်လင့်ချက်အပြည့်ဖြင့် စိတ်လှုပ်ရှားနေခဲ့တယ်။ သူ့ရဲ့ အစ်ကိုတွေက သူ့ ပါပါးကို မကြိုက်ပေမယ့် သူ ပျော်နေတုန်းပါပဲ။

ကုယွမ်က အရင်ဆုံး သူမအဆင်ပြေကြောင်း ပြော၍ ကျန်းယင်ဖုန်းကို ချော့လိုက်ပြီးမှ ဟော်လန်တင်းအား "မားတို့ တကယ် ချိန်းတွေ့နေကြပြီ ဆိုပေမယ့် ဒီကိစ္စကို လျို့ဝှက်ထားရမယ်နော်"

ဟော်လန်တင်းရဲ့ မျက်လုံးတွေက တောက်ပသွားပြီး ...
"ကျွန်တော် နားလည်ပါတယ်၊ အခြားသူတွေကို မပြောပြဘူး၊ မဟုတ်ရင် သူတို့ ကျွန်တော့်ကို မနာလိုဖြစ်ကြလိမ့်မယ်၊ ဟား ... ဟားဟားဟား"

ကျန်းယင်ဖုန်းက မျက်မှောင်ကျုံ့ကာ ဟော်လန်တင်းကို ကြည့်လာတယ်။
"ချိန်းတွေ့တယ် ဆိုတာ ဘာလဲ"

ဟော်လန်တင်းက ပျော်နေတာကြောင့် သူ့အစ်ကိုဖြစ်သူကို စိတ်ရှည်ရှည် ရှင်းပြလိုက်တယ်။

"ချိန်းတွေ့တယ်ဆိုတာ လူနှစ်ယောက်က အတူရှိနေဖို့ လက်ခံလိုက်ကြတာ၊ သူတို့က တစ်ယောက်ကို တစ်ယောက် သဘောကျတယ်လေ"

ကျန်းယင်ဖုန်း : "နားလည်ပြီ၊ အစ်ကိုက လန်တင်းကို စာသင်ပေးချင်တယ်၊ လန်တင်းကလည်း လက်ခံတယ်ဆိုတော့ ဒါက ချိန်းတွေ့နေကြတာပဲ"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now