Chapter 177

2.2K 197 1
                                    

Chapter 177

ကုယွမ်ဟာ ကျက်သရေရှိစွာ လှပနေတဲ့ အမျိူးသမီးကို ကြည့်ပြီး ပြောလိုက်တယ်။
“လန်တင်းက ကျွန်မရဲ့ သားအရင်းပါ”

“ဘာပြောလိုက်တယ် ...”

“ကျွန်မတို့ နှစ်ယောက်ကို သေချာကြည့်ကြည့်ပါလား။ ကျွန်မတို့ နှစ်ယောက်က မတူလွန်းဘူးလား”

ဘယ်လိုဖြစ်ပြီး သူမက လန်တင်းရဲ့အမေ ဖြစ်နေရတာလဲ။

ကျင်းချန်ကရော ဘာလို့ သူမကို လက်မထပ်ပဲ ကလေးမွေးထားရတာလဲ။

ဖန်းကွေ့ရူ : “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ လန်
တင်းက ဆေးပညာနဲ့…”

ဆက်မပြောရသေးခင်မှာ အသက်အရွယ်ကြီးနေပြီ ဖြစ်တဲ့ ကျက်သရေရှိလှတဲ့ အမျိုးသမီးက ရောက်ချလာတယ်။

သူမ ရောက်လာတော့ ပတ်ဝန်းကျင်က လူတွေ အားလုံးက ဂါရဝပြုနှုတ်ဆက်ကြပါတယ်။
“မင်းက ယွမ်ယွမ်ဖြစ်မယ်ထင်တယ်”

ကုယွမ်အနေနဲ့ သူမက ကျင်းချန်ရဲ့ အမေဖြစ်သူဆိုတာ ခန့်မှန်းမိပြီးသားပါ။

ကုယွမ် (ယဉ်ကျေးစွာ) : “ဟုတ်ပါတယ်။ ကျွန်မက
ကုယွမ်ပါ”

သူမကို ယွမ်ယွမ်လို့ ခေါ်လိုက်တာကို အံ့ဩနေပေ
မယ့် တကယ်တော့ ဟော်မိသားစုဆိုတာ အံ့ဩစရာ
တွေချည်း ပြည့်နှက်နေတာ မဟုတ်လား။

ဟော်ဘွားဘွား : “လန်တင်းလေးက လိမ္မာပေမယ့် ကလေးပဲရှိသေးတော့ သူ့အမေကို အရမ်းခင်တွယ်တာပဲ။ ဒီတော့ သမီးကိုပဲ အပ်ပါတယ်ကွယ်”

သည်စကားပြောတာကို ကြားလိုက်ရတော့ အားလုံး
က အရမ်းအံ့ဩသွားခဲ့ပါတယ်။

ကလေးတစ်ယောက်ကို မွေးဖို့ဆိုတာ ကုယွမ်အတွက် အရမ်းငယ်လွန်းနေပါတယ်။ နောက်ပြီးလန်တင်းရဲ့အသက်ကို တွက်ကြည့်ရင် အဲ့အချိန်တုန်းက ကျင်းချန်တစ်ယောက် နေမကောင်းဖြစ်နေတာပါ။

သည်လိုနဲ့ပဲ သံသယများစွာနဲ့ မွေးနေ့ပါတီပွဲကစတင်ခဲ့တာပေါ့။

ဟော်မိသားစုရဲ့ဦးစီးဖြစ်တဲ့ ဟော်ကျင်းချန် စီစဉ်တဲ့ မွေးနေ့ပွဲဆိုတော့ အရမ်းကို ခမ်းနားကြီးကျယ်လှပါတယ်။ ကိုးလွှာပါတဲ့ ကိတ်မုန့်ကြီး အပေါ်မှာ အမွှေးတိုင် ၉၉၉ တိုင်ကို ထွန်းထားလေရဲ့။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Tempat cerita menjadi hidup. Temukan sekarang