Chapter 102 (သားလေးယောက်ပေါင်းစည်းခြင်း)
နျဲ့ယွီ သွားမယ်အလုပ် ကုယွမ်က လှမ်းတားလိုက်
တယ်။
“မင်း အစ်ကို (၁) က အခုလေးမှ အိပ်ပျော်သွားတာ၊ မသွားနဲ့ဦး နျဲ့ယွီ”ဒါနဲ့ပဲ သူ့ အစီအစဉ် ပျက်သွားခဲ့ပါပြီ။
ဟော်လန်တင်းလို့ ခေါ်တဲ့ ကောင်လေးက မား အနားမှာ တောက်တဲ့လို တွယ်ကပ်နေတာ မကြည့်ချင်ပါဘူးဆိုနေ ...
လန်တင်းဟာ နျဲ့ယွီကို ကြည့်ပြီး ဂုဏ်ယူစွာ ပြော
လိုက်ပါတယ်။
“အစ်ကို နျဲ့၊ အစ်ကိုလည်း ကျွန်တော် အစ်ကိုပဲ ဆိုတော့ ဘယ်လိုခေါ်ရမလဲ။ အကို (၃) လို့ ခေါ်ရမလား”နျဲ့ယွီ : “အေးပေါ့ကွ။ အစ်ကို (၃) လို့ ခေါ် ရမှာပေါ့”
“ဒါနဲ့ အစ်ကို (၂) က ဘယ်လိုလုပ်ပြီး ဒီကိစ္စကို သိသွားတာလဲ”
ချီစန်း : “DNA စစ်တာပါဆို”
နျဲ့ယွီ : “အစ်ကို (၂)၊ တကယ်တော့ ဦးလေးကျီကို
လည်း ထည့်စဉ်းစားဦးလေ။ ဦးလေးကျီရဲ့ဆက်
ဆံရေးကိုလည်း သိသားနဲ့။ ဒီကလေးက မားရဲ့
သားမဟုတ်ဘဲ ဦးလေးကျီရဲ့သား ဖြစ်နေဦးမယ်”သည်စကားကို ကြားတော့ အားလုံး တိတ်ဆိတ်သွားလေရဲ့။
ချီစန်း ကတော့ ဒေါသထွက်နေခဲ့တာပေါ့။ သူ့ အဖေက ဘယ်လောက်ပဲ ရည်းစားများများ ဘယ်တော့မှ သည်လိုလုပ်မယ့်လူမျိုး မဟုတ်ပါဘူး။
ဟော်ကျန်းချန်ကလည်း ဒေါသထွက်သွားပါတယ်။
လက်ညှိုးတစ်ချောင်းနဲ့ ရေကို ရွှေဖြစ်အောင် လုပ်
နိုင်တဲ့ ဟော်မိသားစုကို စော်ကားသလို ခံစားလိုက်
ရတာကြောင့်ပါ။လန်တင်း : “အစ်ကို နျဲ့က မကောင်းဆိုးဝါးပဲ။ ဘာလို့ သားကို မားရဲ့သား မဟုတ်ဘူးလို့ ပြောရတာလဲ”
နျဲ့ယွီရဲ့ စကားက လူသုံးယောက်ရဲ့အရှိုက်တည့်တည့်ကို ထိသွားစေတယ်လေ။
နျဲ့ယွီ : “အိုး…”
ကုယွမ် : “နျဲ့ယွီ၊ မင်း စကားကို ဘယ်လိုတွေ ပြော
နေတာလဲ”နျဲ့ယွီ : “ကျွန်တော်က ဒီတိုင်းပြောလိုက်တာပါ။ ဗွေ
မယူကြပါနဲ့၊ ဗွေမယူကြပါနဲ့”