Chapter 84

3.8K 430 2
                                    

Chapter 84 (နှစ်ထောင်ချီ သစ်ပင်လူသားက အပွင့်ပွင့်တော့မှာလား)

နျဲ့ယွီက ဟူယွဲ့ကျင်းကို တမင်ပြောနေတယ်ဆိုတာ ကုယွမ် သိပေမယ့် ဘာမှဝင် မပြောခဲ့ပါဘူး။

သူမရဲ့သားက သည်အတန်းဖော်ဟောင်းကို လူကောင်းတစ်ယောက်လို ယဥ်ယဥ်ကျေးကျေးနဲ့ ပြောနေမှသာ ကုယွမ် မြန်မြန် ရပ်ပစ်မှာပါ။

ဒါပေမယ့် အခု သူမ နားလည်ထားသလောက် နျဲ့ယွီက အကြောင်းပြချက်မရှိဘဲ ဘယ်သူ့ကိုမှ ရိုင်းလေ့မရှိပါဘူး။

သူခုလို ဆက်ဆံရတာလည်း သေချာပေါက် အကြောင်းအရင်း ရှိလိမ့်မယ်။

ဒါဆို အကြောင်းအရင်းက ဘာလဲ။

ဟူယွဲ့ကျင်းကို ကြည့်ကာ သူမ အရင်က သံသယဝင်ခဲ့တာကို သတိရသွားတယ်။ တကယ်ပဲ အဲဒါကြောင့်လား။

တိုက်တိုက်ဆိုင်ဆိုင် ဟူယွဲ့ကျင်းကလည်း ကုယွမ်ကို ပြန်ကြည့်တော့ ကုယွမ်က သူမကို ထူးဆန်းတဲ့ ပုံစံဖြင့် ကြည့်နေသည်အား မြင်လိုက်ရတယ်။

နျဲ့ယွီက သူမကို လှောင်ရယ်နေတာ သိသာနေတာတောင် ကုယွမ်က ဘာမှဝင်မပြောတာကြောင့် သူမ အေးစက်စက်နဲ့ ကြည့်လိုက်တယ်။

ရှက်စရာကောင်းတဲ့ အခိုက်အတန့်ကြောင့် ဟူယွဲ့ကျင်း ဒေါသထွက်နေပြီး ရုတ်တရက် အရင်က အဖြစ်အပျက်တွေကို သတိရသွားခဲ့လေရဲ့။

လွန်ခဲ့တဲ့နှစ်တွေတုန်းက သူမရဲ့ သူငယ်ချင်းကောင်းတစ်ယောက်က အရည်အချင်းရှိတဲ့ ဂီတဆရာနဲ့ မိတ်ဆက်ပေးခဲ့ပေမယ့် ထိုဆရာက ကုယွမ်ကိုပဲ အများဆုံး ချီးကျူးခဲ့တယ်။

သူမ ကိုယ်တိုင်လုပ်ယူခဲ့တဲ့ အခွင့်အရေးဟာ ကုယွမ်လက်ထဲ ရောက်သွားခဲ့တယ်။

သူမ တစ်ကြိမ်မက သံသယဝင်ခဲ့ဖူးတာပေါ့။ ကုယွမ်က တကယ်ပဲ ရိုးရှင်းတဲ့ သူလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား။

အခုလည်း ကုယွမ်က သူမအတွက် စကားတစ်ခွန်းမှ ဝင်မပြောပေးဘူး။ နျဲ့ယွီက သူမကို အရှက်ရအောင် လုပ်တာကလည်း ကုယွမ်ရဲ့ ပရောဂ ကင်းနိုင်ပါ့မလား။

ဒါပေမယ့် တွေးကြည့်ရင် အသက် 45 နှစ်အရွယ် မိန်းမတစ်ယောက်ကို နျဲ့ယွီလို လူငယ်လေးတစ်ယောက် စွဲလန်းသွားအောင် ဘာနည်းလမ်းကို သုံးခဲ့တာ ဖြစ်နိုင်လဲ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now