Chapter 12

5.3K 589 3
                                    

Chapter - 12 အိမ်ပြန်ကြမယ်

နောက်တစ်နေ့ မနက်စောစော ထမင်းစားခန်းထဲ
သားအမိနှစ်ယောက် မနက်စာအတူတူ စားနေကြတဲ့အချိန်မှာ ကျီချီစန်းက သူ့လက်အောက်ငယ်သားတွေဆီကနေ သတင်းပေးပို့ချက်ကို ရရှိခဲ့တယ်။

သူ ကုယွမ် ကို မော့ကြည့်လိုက်တယ်။ ထိုအချိန်တွင် ကုယွမ်မှာ ခါတိုင်းနှင့် အနည်းငယ်ကွာခြားနေသော မျက်နှာအမူအရာဖြင့် နို့သောက်နေတယ်။

သူမဟာ များသောအားဖြင့် စားပွဲပေါ်ရှိ အစားအသောက်တိုင်းကို ကောင်းကောင်းစားလေ့ရှိပြီး ဘယ်လိုတောင် အရသာရှိကြောင်း ကျယ်လောင်စွာ ကြွေးကြော်တတ်သူပါ။ သူမစားနေတာကို ကြည့်မိတဲ့သူတိုင်း မနေနိုင်စွာ တစ်ကိုက် လောက် စားကြည့်ဖို့ စိတ်ပါလာစေတဲ့အထိ စွမ်းဆောင်နိုင်ပေတယ်။

သို့သော် ယနေ့တွင်တော့ သူမသည် ခေါင်းငုံ့ရင်း နို့ကို ပိုက်ဖြင့် စုပ်သောက်နေကာ သူမရဲ့မျက်လုံးများက ဗလာဖြစ်လျက် တစ်ချိန်တည်းမှာဘဲ အသိစိတ်မကပ်သလို ဖြစ်နေခဲ့တယ်။

ကျီချီစန်း အနီးကပ်ကြည့်လိုက်တော့ သူမရဲ့ မျက်လုံးများတွင် အညိုရောင်စက်ဝိုင်းများ ရှိနေသည်ကို မြင်လိုက်ရတယ်။

ချက်ချင်းဆိုသလို ကျီချီစန်း သဘောပေါက်သွားပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောလိုက်တယ်။
"မား မနေ့ညက ဘယ်နှစ်နာရီ အိပ်တာလဲ"
ခဏအကြာတွင် ကုယွမ် က ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ...
"နှစ်နာရီ၊ သုံးနာရီ ဒါမှမဟုတ် လေးနာရီလောက်..."

ကျီချီစန်း မျက်ခုံးပင့်လိုက်ပြီး ကုယွမ် ကို သဘော
မတူသလို ကြည့်လာတယ်။
"တစ်ညလုံး ဖုန်းသုံးနေတာလား"

'ဖုန်း' ဟူသော စကားလုံးကို ကြားလိုက်တာနဲ့
ကုယွမ်ရဲ့ မျက်လုံးများ တောက်ပလာပြီး ...
"ဟုတ်တယ်။ ချီစန်း သားမသိလို့နော်။ မနေ့ညက မားနဲ့ လုကျီးချန်ရဲ့ ပရိတ်သတ်တွေ အချီ ၃၀၀ လောက် တိုက်ပွဲ ဖြစ်ခဲ့တာ။ အလယ်တန်းကျောင်းသားတွေက ဘယ်လိုလုပ်ပြီး မား ရန်သူ ဖြစ်နိုင်မှာလဲ။ နောက်ဆုံး မားပဲ နိုင်သွားခဲ့တာ"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now