Chapter 116

3K 278 4
                                    

Chapter 116 (ဟော်ကျင်းချန်ကို မေးမယ်)

သူမနဲ့ ဟော်လန်တင်းတို့ ကားက ခြံဝန်းထဲ ရောက်တဲ့အချိန်မှာ ဟော်ကျင်းချန်က ရပ်စောင့်နေလိမ့်မယ်လို့ ကုယွမ် မမျှော်လင့်ထားခဲ့ပါဘူး။

ချောမောခံ့ညားတဲ့ အမျိုးသားဟာ လှပကြော့ရှင်းတဲ့ သိုးမွှေးဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ရဲ့အနောက်မှာတော့ ဘော်ဒီဂတ် 7ယောက် ၊ 8 ယောက်လောက်ရယ်၊ လက်ထောက်အသွင်အပြင်နဲ့ လူ 2 ယောက်ရယ် ရှိနေခဲ့တယ်။

သူမကိုယ်သူမ အထူးစည်းဝေးပွဲကို လာတက်တဲ့ နိုင်ငံခြားက ဧည့်သည်တော် တစ်ယောက်လို ခံစားလိုက်ရတယ်။

အဲ့သည့်အချိန်မှာ ဟော်ကျင်းချန်က ကုယွမ်ကို ကြည့်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေက အေးစက်ပြီး အလှမ်းဝေးကာ အဓိပ္ပါယ် မဖော်ပြနိုင်တဲ့ အကြည့်မျိုး ရှိနေခဲ့တယ်။ ထိုနေ့က စက်လှေပေါ်မှာ သူမကိုလှမ်းကြည့်တဲ့ အကြည့်ကိုတောင် သတိရသွားမိတယ်။

စိတ်ဖိစီးလိုက်တာဟ ...

ဟော်လန်တင်းက သူ့ရဲ့ အဖေကိုမြင်တော့ ကုယွမ်လက်ထဲကနေ ပြေးထွက်သွားပြီး ခေါင်းလေးမော့ကာ အဖေဖြစ်သူကို ပြုံးပြလိုက်တယ်။
"ပါး…ကျွန်တော့်ကို လွမ်းလား"

ဟော်ကျင်းချန် သားဖြစ်သူကို ငုံ့ကြည့်လိုက်ကာ မူလက အေးစက်နေတဲ့ မျက်လုံးတွေဟာ အနည်းငယ်နွေးထွေးလာတယ်။
"အပြင်မှာ အေးတယ်၊ အိမ်ထဲ ဝင်ရအောင်"

ကုယွမ်တစ်ယောက် စိတ်သက်သာရာ ရသွားတယ်။

ဟော်ကျင်းချန်ရဲ့ ပုံစံက အရမ်း ပြီးပြည့်စုံလွန်းတယ်။ မျက်နှာရဲ့ ကောက်ကြောင်းအသေးစိတ်က ပန်းပုရုပ်ထုလိုမျိုး သေသပ်ကျနနေပြီး ခန္ဓာကိုယ်တည်ဆောက်ပုံက စူပါမော်ဒယ်တွေလို ပြစ်ချက်ကင်းနေတယ်။

သည်အမျိုးသားက သည်နေရာမှာ မဟုတ်ဘဲ ကောင်းကင်ပေါ်မှာ ရှိနေသင့်တာလို့တောင် ကုယွမ်ခံစားနေရတယ်။

ဒါပေမယ့် အခု သူ့ရဲ့သားကို ကြည့်တော့ အေးစက်ပြီး အလှမ်းဝေးနေတဲ့ မျက်လုံးတွေမှာ အပူချိန်အနည်းငယ် ရှိလာခဲ့တယ်။ ရေခဲတောင်ကြီး အရည်ပျော်ကျလာသလို ထင်ရတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now