Chapter 96

3.4K 420 5
                                    

Chapter 96 (ပုံပြောပြတတ်တဲ့ အဖေ)

ဟော်ကျန်းချန်ဟာ သူ့သားနဲ့ စကားတွေ အများ
ကြီး ပြောခဲ့ပေမယ့် ကုယွမ်နဲ့ ကိစ္စကိုတော့ မမေးခဲ့ပါဘူး။ ကလေးက သူ့ဗိုက်လေးကိုပဲ လက်နဲ့ စမ်းနေ
တယ်။

ဒါကြောင့် ဟော်ကျန်းချန်က ညင်သာစွာပြောလိုက်ပါတယ်။
“သား အခု မသက်သာသေးဘူးဆိုရင် ပါး ဆရာဝန်
ခေါ်ပေးရမလား”

ဟော်လန်တင်းက ခေါင်းယမ်းလိုက်ပြီး “ရပါတယ်။
သား သက်သာပါတယ်” လို့ ပြောလိုက်တယ်။

ဒါဟာ သားဖြစ်သူက သူ့ကို ဆူမှာ စိုးတာကြောင့် တမင်ဟန်ဆောင်နေတာမှန်း သိပေမယ့် ဘာမှမပြောပဲနေခဲ့ပါတယ်။

ဒါကြောင့် သားဖြစ်သူကို အနားယူခိုင်းလိုက်ပြီး ကလေးထိန်း ဆရာမကို သားရဲ့နေ့စဉ်ဘဝအကြောင်း သေချာ အစီရင်ခံဖို့ တောင်းဆိုလိုက်တာပေါ့။

အဲ့သည့်နောက် ဟော်ချန်းချန်းက ပိနေတဲ့ အလုပ်တွေကို သိမ်းကြုံးလုပ်ရပါတော့တယ်။ တော်သေးတာက အင်တာနက်ကြောင့် အခုဆို ရုံးအထိသွားစရာ မလိုတော့တာပါ။

အစက သားနဲ့အတူတူ တရုတ်ကို လိုက်ခဲ့ဖို့ပါပဲ။ အရေးတကြီး ဖိုရမ် အစည်းအဝေးရှိလာတာကြောင့် မလိုက်ခဲ့ရတာပါ။ သည်လို ရက်အနည်းငယ်အတွင်း သားဖြစ်သူတစ်ယောက် သည်လို ခံစားရမယ်လို့ သူ မတွေးထားမိခဲ့ဘူး။

တကယ်တော့ သားက ဟောင်ကောင်ကို သွားချင်တာ မဟုတ်ဘဲ ဟောင်ကောင်မှာ ရှိနေတဲ့ ကုယွမ်ကိုတွေ့ချင်ခဲ့တာပဲ ဖြစ်မယ်။

ဒါကြောင့် သည်လို နည်းတွေပါ သုံးနေတာပေါ့။ ဒါပေမာ့် သားက ဘာလို့ သည်ကောင်မလေးကို အရမ်းခင်တွယ်နေရတာလဲ။

ဒါကို စဉ်းစားမိတော့ မိန်းကလေး ကုကို ပြန်သတိရသွားမိလေရဲ့။ လေသာဆောင်မှာ သားနဲ့အတူတူ ပုံပြင်ဖတ်နေတဲ့ မြင်ကွင်းက သူ့ကို ဆွဲဆောင်နေနိုင်ဆဲပါ။

ကောင်မလေးဟာ အသံက ချိုအေးနေပြီး သူမအသံကို နားထောင်ရင် အိပ်မရတဲ့သူတောင် အိပ်ပျော်စေနိုင်မှာ အသေအချာ။

သူမက အရမ်းဖြူစင်လှတယ်။

အခုခေတ်မှာ ပကတိအတိုင်း ဖြူစင်လွန်းတဲ့သူ
ဆိုတာ အရမ်းရှားနေပြီ မဟုတ်လား။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now