Chapter 149

2.3K 219 1
                                    

Chapter 149

ကုယွမ်ဟာ ကားထဲမှာထိုင်နေရင်း အပြင်ဘက်ကိုစိုးရိမ်စွာမျှော်ငေးကြည့်နေပါတယ်။

ချီစန်းနဲ့ ကျင်းချန်က တခြားလမ်းကွေ့ကို ချိုးသွား
တာကြောင့် သူတို့ ဘာတွေဖြစ်နေတယ်ဆိုတာ
မသိရ၊ မကြားရပါဘူး။
ဒါကြောင့် သူမ ကားပေါ်က ဆင်းပြီး အခြေအနေ
ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

အဲ့အချိန်မှာ ချီစန်းရဲ့လက်ထောက်က သူမကို
သတိပေးလိုက်တာပေါ့။
“မမလေး၊ သခင်လေးက ကားပေါ်ကနေ မဆင်းရ
ဘူးလို့ မှာသွားပါတယ်”

ကုယွမ် : “အင်းပါ၊ ကျွန်မက ဒီအတိုင်း အခြေအနေ
သွားကြည့်ရုံလေးတင်”

အဲ့နောက် ချီစန်းတို့ သွားရာလမ်းအတိုင်း လျှောက်သွားလိုက်တော့ လူအုပ်ကြီး ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို တွေ့လိုက်ရတယ်။

သေချာကြည့်လိုက်မှ ချီစန်းကို သက်တော်စောင့်တွေက ဖမ်းချုပ်ထားပြီး ချီစန်းက ဒေါသတွေ ထွက်နေခဲ့တယ်။ ချီစန်းရဲ့ မျက်နှာမှာလည်း ထိခိုက်ဒဏ်ရာတွေရှိနေခဲ့ပါတယ်။

ကျင်းချန် : “ဟိတ်ကောင်တွေ၊ လွှတ်ပေးလိုက်၊ သူ့ စိတ်တိုင်းကျ လုပ်ပါစေ”

“ဟိတ်ကောင်တွေ၊ ငါပြောနေတာကို ဂရုမစိုက်တာလား ...”

သည်လိုပြောမှ သက်တော်စောင့်တွေက ဒေါသထွက်စွာနဲ့ ချီစန်းကို လွှတ်ပေးလိုက်ရတာပေါ့။

ကုယွမ် (စိုးရိမ်စွာ) : “ချီစန်း၊ သား မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့ပါလား။ သားပဲ ပြောတော့ စကားပြောမှာပါဆို”

ချီစန်း : “မား၊ ကျွန်တော် အဆင်ပြေတယ်”

ကုယွမ် : “ဘာ အဆင်ပြေတာလဲ။ ဒီလောက် ဒဏ်ရာတွေ ဖြစ်ကုန်တာကို ...”

“ကျင်းချန်၊ ရှင် ကလေးကို ဘာလို့ ဒီလိုလုပ်ရတာ
လဲ။ ရှင်ပဲ ပြောတော့ စိတ်မပူပါနဲ့ဆို ..."

ပြောရင်းနဲ့ ကြည့်လိုက်ခါမှ ကျင်းချန်ရဲ့ မျက်နှာ
ပေါ်က ဒဏ်ရာတွေဟာ ချီစန်းထက် ၃၊ ၄ ဆ ဆိုး
ရွားနေတာကို အံ့ဩမှင်သက်စွာ တွေ့လိုက်ရတယ်။

ကုယွမ် : “ရှင် ... ရှင်”

ကျင်းချန် : “ကိုယ် ကတိမတည်နိုင်လို့ တောင်း
ပန်ပါတယ်။ မစ္စတာ ကျီ၊ နောက်တစ်ခါ ထပ်တွေ့ရင် ကျွန်တော်တို့ သေချာစကားပြောချင်ပါတယ်။  သွားလိုက်ပါဦးမယ်”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now