Chapter 128

2.5K 271 1
                                    

Chapter 128 (ကယ်ဆယ်ရေး ပြီးမြောက်ခြင်း)

ကုယွမ်တစ်ယောက် တဲထဲမှာ ဆက်အိပ်နေလိုက်တယ်။

ဟော်ကျင်းချန်က သူမကို အနားယူဖို့ ပြောပြီးနောက် သူ့ရဲ့တဲကို အလျင်အမြန် ပြန်သွားခဲ့တယ်။

ဘာကြောင့်မှန်း မသိပေမယ့် ဟော်ကျင်းချန်က သူမရဲ့မျက်လုံးတွေကို ရှောင်နေသလို ခံစားနေရတယ်။

သူက သူမဆီက ထွက်ပြေးနေသလိုပဲ။

ထိုအကြောင်းတွေးမိတော့ ဟော်ကျင်းချန်တစ်ယောက် သူမကို စိုက်ကြည့်နေတုန်းက သူမကိုယ်တိုင်ရဲ့ ခံစားချက်ကို သတိရသွားတယ်။

ကဖိန်းဓါတ်များတဲ့ ကော်ဖီတစ်ခွက်ကို သောက်နေသည့်အလား သူမရဲ့နှလုံးခုန်သံက မြန်ဆန်နေပြီး သွေးတွေစုလာသလို ခံစားခဲ့ရတယ်။

ဒါပေမယ့် အချိန်ခဏကြာတော့ အရာအားလုံးက အကြွင်းအကျန်မရှိဘဲ ပျောက်ကွယ်သွားပုံပဲ။

သူမ sleeping bag ထဲမှာ လှဲလျောင်းနေပြီး အပြင်ဘက်က အသံတွေကို နားထောင်နေလိုက်တယ်။

မနက်ဖြန် မနက်ရောက်ရင် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်။ သူမရဲ့နှလုံးခုန်သံကလည်း အထူးအခြေအနေတစ်ခုကြောင့် အထင်မှားမှုသက်သက်သာ။

အဲ့လိုတွေးရင်း သူမ အိပ်ပျော်သွားတော့တယ်။

အခြားတဲတစ်ခုမှာတော့ ဟော်ကျင်းချန်က အိပ်မပျော်နိုင်ဘဲ ငုပ်တုပ်လေးထိုင်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ ညကောင်းကင်ကို တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့တယ်။

တိမ်တွေက တဖြည်းဖြည်း ညကောင်းကင်ကို ဖုံးအုပ်သွားတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။

နျဲ့ယွီနဲ့ အခြားလူတွေက နောက်တစ်နေ့မနက် ၆ နာရီမှာ ရောက်လာကြတယ်။ ရောက်ရောက်ချင်း ကုယွမ်ကို အရင်စစ်ဆေးခဲ့တယ်။

နျဲ့ယွီရဲ့ ပုံစံက သူမ ခြေတွေ၊ လက်တွေ ပျောက်နေမှာကို ကြောက်နေသည့်အလား။

ခေါင်းအစ၊ ခြေအဆုံး စိတ်ကျေနပ်တဲ့အထိ စစ်ဆေးပြီးမှ "မားကို ဟော်ကျင်းချန်က အနိုင်ကျင့်ခဲ့သေးလား"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now