Chapter 139

2.6K 257 1
                                    

Chapter 139 (တရုတ်နိုင်ငံသို့ပြန်လည်ရောက်ရှိ
ခြင်း)

ကုယွမ်တို့ ပြန်ရောက်ပြီဆိုတာနဲ့ လော့ကျွင်းထျန်၊
ဟော်လန်တင်းနဲ့ ကျီချီစန်းတို့က အပြေးလာပြီး
နှုတ်ဆက်ကြပါတယ်။

ကျန်းယင်ဖုန်းရဲ့ထူးခြားချက်တွေကိုလည်း အုပ်စုဖွဲ့စကားပြောခန်းမှာ ပြောထားပြီးဖြစ်တာ
ကြောင့် ချီစန်းဟာ ပီတာဆင်ကိုပါ ဖိတ်ထားတယ်လေ။

အဲ့နောက် ကုယွမ်ရဲ့ဘေးမှာ လိုက်ပါလာတဲ့
အရမ်းကို ချောမောလှပတဲ့ ကောင်လေးကို အံ့ဩ
စွာ တွေ့လိုက်ကြရပါတယ်။

ဟော်လန်တင်း : “ကောက အရမ်းကို ချောတာပဲ”

ကုယွမ် : “ယင်ဖုန်း၊ ဒါက မင်းရဲ့အစ်ကိုကြီး လော့ကျွင်းထျန်တဲ့။ မင်း သူ့ကို အစ်ကို (၁) လို့ ခေါ်
နော်”

ချီစန်း : “ဟေး၊ ကော နာမည်က ကျီချီစန်းပါ။ ကောက မင်းထက် ၆ နှစ်ကြီးတယ်။ ကောကို အစ်ကို (၂) လို့ ခေါ်နော်”

လန်တင်း : “ကော၊ ကျွန်တော်က ဟော်လန်တင်းပါ။
ကောရဲ့တစ်ဦးတည်းသော ညီလေးပေါ့”

ဒါပေမယ့် ယင်ဖုန်းကတော့ စိတ်ရှုပ်စွာ ကုယွမ်ကို
ကြည့်လိုက်တယ်။

ကုယွမ် : “ကဲပါလေ။ တွေ့ပြီးကြပြီဆိုတော့ အိမ်ကို သွားကြစို့”

အဲ့အချိန်မှာပဲ ချန်ကျန်းက ရုတ်တရက် တားလိုက်
တယ်။
“ခဏနေပါဦးဗျ၊ မိန်းကလေး ကုနဲ့ မစ္စတာ ကျန်း၊
ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ”

ကုယွမ် : “ဘာလို့လဲ”

ချန်ကျန်း : “မစ္စတာ ကျန်းက ကျွန်တော်တို့အတွက်
တန်ဖိုးအရှိဆုံး ပညာရှင် ဖြစ်တာကြောင့် လုံခြုံရေး
ကို အမြဲဦးစားပေးရလို့ပါ”

သည်စကားကိုကြားတော့ ကျွင်းထျန်နဲ့ ချီစန်းက ချန်ကျန်းကို မျက်ထောင့်ကြီးနဲ့ ကြည့်လိုက်တယ်။

လန်တင်း : “မား၊ ဒီလူကြီးက ဘယ်သူလဲ။ ဘာလို့
အစ်ကို (၄) ကို သူက ခေါ်သွားမှာလဲ။ သူ့ကြောင့် သားတို့ အစ်ကို (၄) ကို မရှာနိုင်ခဲ့တာမလား။ ပါး
ကြောင့်သာ ရှာတွေ့တာ”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now