Chapter 169

2.2K 197 1
                                    

Chapter 169 (ကုယွမ်ရဲ့ ဖိအားပေး မေးမြန်းခြင်း)

နျဲ့ယွီ : "လော့ကျွင်းထျန်၊ မင်း ဘာကို ဂရုစိုက်နေတာလဲ။ နီကိုးလက်စ်က ဘယ်လိုလူမျိုးလဲ ဆိုတာ မင်း မသိလို့လား"

နီကိုးလက်စ်က နှစ်ခါတောင် ကွာရှင်းဖူးပြီး သားတစ်ယောက်လည်း ရှိနေတယ်။
အဲ့လို လူမျိုးကို လော့ကျွင်းထျန်က တကယ်ကြီး မားနဲ့ မိတ်ဆက်ပေးချင်နေတာလား။ သူ့ရဲ့ ဦးနှောက်ထဲ ရေဝင်သွားတာလား။

လော့ကျွင်းထျန် : "နီကိုးလက်စ်မှာ ဇနီးဟောင်းတွေ၊ ရည်းစားဟောင်းတွေ များပေမယ့် အနည်းဆုံးတော့ သူက လှေလံနှစ်ဖက် မနင်းခဲ့ဘူးလေ။ သူက ချောမောခံ့ညားပြီးတော့ ဘက်စုံထူးချွန်တယ်။

သူ့ရဲ့သား အတွက်ကတော့ ဟော်ကျင်းချန်မှာရော သားတစ်ယောက် မရှိလို့လား။ ဒါ့အပြင် သူ့မှာ သားတစ်ယောက်ရှိပြီးသားဆိုတော့ မားက သူ့အတွက် ကလေးမြန်မြန်မွေးပေးဖို့ မလိုဘူးလေ"

နျဲ့ယွီမှာ ကြောင်အသွားပြီး ကျီချီစန်းဘက် လှည့်ကြည့်လိုက်တယ်။
"သူ ငါ့ကို နောက်နေတာလား"

ကျီချီစန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှမပြောခဲ့ပါဘူး။

နျဲ့ယွီ : "ငါ့ကို နောက်နေတာပဲ ဖြစ်ရမယ်၊ လော့ကျွင်းထျန်…မားကို ဒီလိုလူမျိုးနဲ့ မိတ်ဆက်ပေးချင်ရင် ငါတို့ညီအစ်ကိုတွေကို ကျော်ဖြတ်ဖို့လိုတယ်"

သူတို့က လေးယောက် လော့ကျွင်းထျန်က တစ်ယောက်တည်း၊ ဟမ့်…သူတို့ နိုင်မှာ သေချာတယ်။

လော့ကျွင်းထျန် : "နီကိုးလက်စ်က ဟော်ကျင်းချန်ထက် ပိုကြည့်ကောင်းတယ်လို့ မထင်ဘူးလား"

နျဲ့ယွီ : "လုံးဝ မထင်ဘူး ..."

သူ့စိတ်ထဲမှာ ဟော်ကျင်းချန်ကလည်း သိပ်ကြည့်မကောင်းပေမယ့် နီကိုးလက်စ်ထက်တော့ ပိုသာတယ်။ အဲ့ လူယုတ်မာ နီကိုးလက်စ်က သူ့မားရဲ့ တို့ဖူးကို စားချင်နေတာလေ၊ သေဖို့ပဲ ထိုက်တန်တယ်။

လော့ကျွင်းချန် : "ပြီးတော့ နီခိုးလက်စ်က ဟော်ကျင်းချန်ထက် ၁၀ နှစ် ပိုကြီးတယ်၊ သူက ဒီနှစ်မှာ အသက် ၄၀ ဆိုတော့ မားထက် ၅ နှစ်ငယ်တယ်၊ မျိုးဆက်တစ်ခုတည်းပဲ"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now