Chapter 148
သူတို့ မေပယ်ပင်တွေဆီကနေ ထွက်လာတော့ ကျင်းချန်ရဲ့လက်ထောက်က ထီးနဲ့ လာမိုးပေးတယ်။
ကျင်းချန်ဟာ ထီးကို ယူလိုက်ပြီး ကုယွမ်နဲ့အတူတူစောင်းကာ ကျောင်းထွက်ပေါက်ဆီ ဦးတည်လိုက်ပါတယ်။
သည်နေရာကနေ ထွက်ပေါက်ကို ရောက်ဖို့ဆိုတာ သည်ကျောင်းက လူတွေမှ မဟုတ်ရင် သိပ်မသိကြဘူး။ ဒါကြောင့် ကုယွမ်က မေးလိုက်တယ်။
“ရှင် ထွက်ပေါက်သွားတဲ့လမ်းကို သိလို့လား”“အင်း၊ ကိုယ် ဒီကိုလာတဲ့လမ်းမှာ ရှာခိုင်းလိုက်
တာ။ ယွမ်ယွမ်ရဲ့ ကားက အရှေ့ဘက်ဂိတ်ပေါက်မှာ
စောင့်နေမှာမလား”“အွန်း၊ ဟုတ်တယ်”
တကယ်တော့ ကျင်းချန်က တစ်ခုခုဆို အသေးစိတ်
ဂရုစိုက်တတ်တဲ့သူပဲ။သူမက ကျင်းချန်နဲ့ ထီးတစ်ခုတည်းအတူတူ ဆောင်းပြီး လျှောက်လာရတဲ့အခါ သူမ တက္ကသိုလ်တက်တုန်းက အချိန်တွေကို ပြန်လည်သတိရခဲ့ပါတယ်။ အဲ့တုန်းကတော့ လုကျီးချန်နဲ့ပေါ့။ သူမဟာ လုကျီးချန်နဲ့ သွားအတူ၊ လာအတူ၊ စားအတူ ပျော်ရွှင်ခဲ့ဖူးကြတယ်လေ။
အခုတော့ သူမ အိမ်မက်တောင် မမက်ဖူးတဲ့ ဟော်
ကျင်းချန်နဲ့ တက္ကသိုလ်လမ်းကို အတူတူတွဲလျှောက်နေရပါပြီ။ကျင်းချန်ဟာ နီးကပ်စွာကြည့်လေလေ၊ ချောလေ
လေပဲ။ သူ့ရဲ့ကိုယ်အစိတ်အပိုင်းတွေဟာ ခန့်ညားလှပစွာရှိနေတယ်။ အဲ့နောက် သည်လူဟာ၊ ငါ့အပိုင်ဟုတ်ပါ့မလားလို့ တွေးမိနေလေရဲ့။ကျင်းချန် : “ယွမ်ယွမ်၊ ဘာတွေ စဉ်းစားနေလဲ”
ကုယွမ် : “ဒီတိုင်းပါပဲ။ ရှင် ကျွန်မအကြောင်းကို သိပြီလို့ ထင်လား ဟင်”
ကျင်းချန် : “ကိုယ် ဒီထက် ပိုသိရဦးမယ်လေ။ ကိုယ်သိထားတာ ဘာမှ,မှမရှိသေးတာ”
ကုယွမ် : “ဟုတ်တယ်။ ကျွန်မလည်း ရှင့်အကြောင်း
တွေ ဒီထက် ပိုသိချင်တယ်”ကျင်းချန် : “သိရမှာပါကွာ။ ကိုယ်တို့ ဆက်ဆံရေးက ရုတ်တရက်ကြီး ဖြစ်သွားတာမလား။ ဒီတော့
အချိန်ကြာလာတာနဲ့အမျှ သိရမှာပါ”