Chapter 144

2.5K 253 1
                                    

Chapter 144

ကုယွမ်ဆီ မလာခင် ချီစန်းဟာ ကျွင်းထျန်၊ နျဲ့ယွီ
တို့နဲ့အတူတူ စကားအရင်ပြောခဲ့ပါတယ်။
နျဲ့ယွီကတော့ ဟော်ကျင်းချန်က ကုယွမ်အပေါ် စိတ်ဝင်စားနေတာကို ရိပ်မိတယ်လို့ သူ့ အစ်ကိုတွေကိုပြောပါတယ်။

ကျွင်းထျန်က ပထမဆုံးအနေနဲ့ ကုယွမ်ရဲ့ စိတ်သဘောထားကို သိနိုင်ဖို့ အရင်စကားပြော ကြည့်ရမယ်လို့ အကြံပြုတယ်။ တကယ်လို့ မားသာ သူ့အပေါ် တကယ်စိတ်ဝင်စားနေရင်တော့ မားရဲ့ရွေးချယ်မှုကို လေးစားလက်ခံရမယ်လို့ အငယ်တွေကို ပြောပြခဲ့တာပေါ့။
ဒါပေမယ့် မားအတွက် သည်ဟော်ကျင်းချန်မှာ မကောင်းတဲ့အတိတ်တွေ ရှိခဲ့တယ်ဆိုတာကို ပြောပြီး သတိတော့ပေးရမှာပါ။

ချီစန်း : “ခဏလေးနေပါဦး။ အခု အရင်ဆုံး ကျွန်တော် မားဆီသွားပြီး စကားပြောကြည့်လိုက်မယ်”

သည်လိုနဲ့ ချီစန်းတစ်ယောက် ကုယွမ်ရဲ့အခန်းထဲကိုရောက်လာခဲ့ပါတယ်။

ကုယွမ်ကတော့ သူ့သား ဘာလို့ အဲ့လောက်နောက်
ကျမှ သူ့ဆီလာရတာလဲဆိုတာ တွေးတောနေတာပေါ့။
“သား၊ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ။ မနားသေးဘူးလား”

ချီစန်း (ချောင်းတချက်ဟန့်ကာ) : "ဟုတ်တယ် မား။ အလုပ်တွေ မပြီးသေးလို့လေ။ ပြီးတော့ မားနဲ့ စကားမပြောရတာ ကြာတာနဲ့ ဒီကိုရောက်လာတာ”

တကယ်တော့လေ၊ ချီစန်းက အမြဲတမ်းတည်ငြိမ်
ဟန်ဆောင်နေပေမယ့် ချစ်စရာသိပ်ကောင်းတဲ့ကလေးပါ။
“ဒါဆို မားကို လွမ်းနေတာပေါ့၊ ဟုတ်လား”

သည်လိုပြောတော့ ချီစန်းတစ်ယောက် ရှက်သွားပြီး
စကားပြန်မပြောတော့ပါဘူး။

သူမက ချီစန်းရဲ့နှာခေါင်းကို ဆွဲလိမ်ပစ်ချင်ပေမယ့် သူဟာ နျဲ့ယွီ မဟုတ်တာကြောင့် သည်းခံလိုက်ကာ ရယ်မောပြီးပဲ အခန်းထဲ ဝင်ခိုင်းလိုက်တယ်။

“မား၊ မျက်နှာတွေ နီလို့ပါလား။ ပူလို့လား”

“ဟင်… မပူပါဘူး”

“ဒါနဲ့ မား၊ ခုနက ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ”

“မစ္စတာ ဟော်နဲ့ပါ”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now