Chapter 145

2.5K 249 4
                                    

Chapter 145 (သနားစရာလန်တင်းလေး)

နောက်ဆုံးတော့ စကားရည်လုပွဲမှာ နျဲ့ယွီက အနိုင်ယူနိုင်ခဲ့ပါတယ်။

ဟော်လန်တင်းဟာ နျဲ့ယွီကို လေးစားစွာကြည့်လိုက်ပြီး “အစ်ကို (၃) ကိုတော့ သား တကယ်လေးစားသွားပြီ” လို့ ပြောလိုက်တယ်။

နျဲ့ယွီ(ဂုဏ်ယူစွာ) : “အသေးအမွှားပါကွာ”

ဘယ်လိုပဲဖြစ်ဖြစ် မားကို လာထိရင်တော့ သူ အသေအချာ ကိုင်တွယ်ရမှာပဲ မဟုတ်လား။

ကျင်းယင်ဖုန်းကတော့ လန်တင်းကို မျက်လုံးရွဲကြီးနဲ့ကြည့်ပြီး “အခုတော့ ကော ညီလေးကို စာသင်ပေးလို့ရတော့မှာပဲ” လို့ ပျော်ရွှင်စွာ ပြောလိုက်တယ်။

တကယ်တော့ လန်တင်းဟာ သူ့ကောကို အဝေးမရောက်စေချင်တာကြောင့် စာသင်ချင်တယ်လို့ ပြောလိုက်တာပါ။

လန်တင်းက နျဲ့ယွီကို အကူအညီတောင်းတဲ့ပုံစံနဲ့ ကြည့်လိုက်ပေမယ့်  နျဲ့ယွီကတော့ တမင်ကို အကြည့်လွှဲလိုက်တယ်။

နျဲ့ယွီ : “ငါ့ကောင်ကတော့ သူ့ကောကျေးဇူးနဲ့ ပညာရှင်လေးဖြစ်လာတော့မှာပဲ၊ ဟဲဟဲ”

လန်တင်းဟာ စိတ်တိုစွာနဲ့ “ကောက တကယ်အကျင့်မကောင်းဘူး ကောကို သား…" ပြောရင်းနဲ့ ဆက်မပြောနိုင် ဖြစ်သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ နျဲ့ယွီမှာလည်း ကြောင်လေးတကောင်ရှိနေပြီလေ။

စကားပြောနေတုန်းမှာပဲ ဟော်လန်တင်းက နျဲ့ယွီရဲ့ပုံစံအသစ်ကို သတိထားမိသွားတယ်။
“အစ်ကို (၃)၊ ဘာလို့ ညစာ စားမှာကို နေကာမျက်မှန်ကြီး တပ်ထားတာလဲ”

နျဲ့ယွီ : “သြော်၊ မျက်မှန်နဲ့ ပိုလိုက်မယ်ထင်လို့လေ။
ငါ ပိုချော မသွားဘူးလား”

လန်တင်း : “ကော၊ ဘယ်လိုပဲ ပြင်ဆင်ပါစေ။ အစ်ကို (၄) လောက်တော့ ချောလာမှာ မဟုတ်ပါဘူးဗျာ”

သည်လိုပြောပြီး လန်တင်းဟာ နျဲ့ယွီရဲ့ မျက်မှန်ကို ရုတ်တရက် ဆွဲချွတ်လိုက်ပါလေရော။ အဲ့အချိန်မှာပဲ မျက်လုံးမှာ အညိုရာကြီး တွေ့လိုက်တာပေါ့။

လန်တင်း : “ကော၊ မျက်လုံးက ဘာဖြစ်တာလဲ"

နျဲ့ယွီဟာ လန်တင်း အဖေ့ကြောင့် သူ သည်လို အစ်ကို (၂) ယောက်ဆီကနေ ခံလိုက်ရတယ်ဆိုတာကို လန်တင်းကို မပြောပြချင်ဘူးလေ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now