Chapter 118

2.5K 263 1
                                    

Chapter 118 (သဲကန္တာရကြောင်)

ဟော့ပေါ့စားပြီးနောက် ဟော်လန်တင်းက ဆိုဖာပေါ်မှာ မှီနေပြီး သူ့ရဲ့ဗိုက်ကလေးကို ပွတ်ရင်း အကြံပြုချက်တစ်ခုကို ပျင်းရိစွာ ပြောလာခဲ့တယ်။
"မားနဲ့ ပါး၊ ကျွန်တော်တို့ အပြင်မှာ လမ်းလျှောက်ကြမလား၊ မဟုတ်ရင် ကျွန်တော် ထပ်ပြီး ဗိုက်နာလာလိမ့်မယ်"

ကုယွမ်က ကြောင်တစ်ကောင်လို ဖြစ်နေတဲ့ သားလေးကို ကြည့်ရင်း အကူအညီမဲ့စွာ ပြောလိုက်တယ်။
"သားကို မားပြောခဲ့တယ်လေ၊ ထပ်မစားပါနဲ့တော့လို့။ အရင်တစ်ခေါက် သင်ခန်းစာက မလုံလောက်သေးဘူးလား"

ဟော်လန်တင်းက အပြစ်ကင်းစွာ ကုယွမ်ကို ကြည့်လိုက်တယ်။
"အဲဒါက အရသာရှိနေတာကို၊ ကျွန်တော့် မိဘတွေနဲ့ တူတူစားရလို့ထင်တယ်၊ ကျွန်တော် စားဖူးသမျှထဲမှာ အကောင်းဆုံး ဟော့ပေါ့ပဲ"

ကုယွမ်မှာ သည်ကလေးရဲ့ မျက်လုံးနက်နက်ကလေးတွေကို တောင့်မခံနိုင်ပါဘူး။
"နောက်ဆို သတိထားနော်၊ အလွန်အကျွံ မစားမိစေနဲ့"

ထို့နောက် ဟော်ကျင်းချန်ကို ကြည့်ကာ ...
"ဒါဆို ကျွန်မ လန်တင်းနဲ့ လမ်းလျှောက်ထွက်လို့ ရမလား"

ဟော်ကျင်းချန်က သားအမိနှစ်ယောက်ကြားက ဆက်ဆံရေးကို ကြည့်ပြီး အရမ်းထူးဆန်းနေသလို ခံစားလိုက်ရတယ်။

ဟော်လန်တင်းက သူ့သားဖြစ်ကာ သူ့မျက်စိအောက်မှာပဲ ကြီးပြင်းလာပြီး အချိန်အများစုကို သူနဲ့ ကုန်ဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့ လေးနှစ်မှာ အလုပ်နဲ့ သားဖြစ်သူက သူ့ဘဝမှာ အချိုးတူညီစွာ ရှိနေခဲ့တယ်။

သည်သားလေးက သူ့လက်ပေါ်မှာ အရွယ်ရောက်လာတဲ့ ရတနာလေးလို့တောင် ပြောလို့ရပါတယ်။

ဒါပေမယ့် အခုတော့ သူနဲ့ အရင်းနှီးဆုံးဖြစ်ခဲ့တဲ့ သားလေးက အခြားတစ်ယောက်နဲ့ ပိုရင်းနှီးနေပုံရတယ်။

ပြီးတော့ အခု လန်တင်းက ကုယွမ်နဲ့ သူကိုယ်တိုင်ကို လမ်းလျှောက်ထွက်ဖို့ ပြောတဲ့ပုံစံက မိသားစုဝင်တွေကို ပြောသလိုမျိုး အရမ်းကို ပုံမှန်ဖြစ်နေခဲ့တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now