Chapter 47
ကုယွမ် ထိုအသံကိုကြားတော့ ကျီချီစန်းကို စောင့်ရှောက်ရန် လူနာစောင့်ကို လွှဲထားခဲ့ပြီး ဘေးအခန်းကို ပြေးတော့တယ်။
သူမ,ဝင်သွားတော့ နျဲ့ယွီက နိုးနေပြီဖြစ်ပြီး သူ့ရဲ့အားနည်းနေတဲ့ မျက်လုံးလေးတွေနဲ့ သူမကို သနားစရာကောင်းစွာ ကြည့်နေတယ်။
အဲ့ပုံစံလေးက တကယ်ကို ရင်နာစေတာပေါ့။
သူမ အလျင်အမြန် ရှေ့တိုးသွားလိုက်ပြီး ...
"နျဲ့ယွီ၊ သားဘယ်လိုခံစားရလဲ။ ရေသောက်ချင်လား"
နျဲ့ယွီ မျက်တောင်ခတ်လိုက်ပြီး သူ့ရဲ့နှုတ်ခမ်းတွေက လှုပ်လာခဲ့တယ်။
"မား...ကျွန်တော်...ကျွန်တော် ရေဆာတယ် "
ကုယွမ် ရေနွေးတစ်ခွက် အမြန်ထည့်လိုက်ပြီး သူမကိုယ်တိုင် အပုချိန်ကို စမ်းကြည့်ကာ အဆင်ပြေပြီဆိုမှ နျဲ့ယွီသောက်ဖို့ ပေးလိုက်တယ်။
နျဲ့ယွီ သူ့ရဲ့လက်ကိုမြှောက်လိုက်တယ်။ သူ့ရဲ့လက်တွေက အားနည်းနေကာ ရေခွက်တောင် သေချာ မကိုင်နိုင်တော့ပါဘူး။
အားအင်အပြည့်နဲ့ ဟိုဟိုဒီဒီ (club & bar) လျှောက်သွားနေတတ်တဲ့ အဆော့မက်တဲ့ လူငယ်လေးက ဒီလိုဖြစ်လာမယ်လို့ ကုယွမ် မထင်ထားတာကြောင့် သူမ စိတ်ထိခိုက်သွားရတယ်။
ထို့နောက် သူ့ကို ရေသောက်ဖို့ ကူညီပေးလိုက်တယ်။ နျဲ့ယွီ ရေတစ်ငုံသောက်ပြီးနောက် ရေသောက်တာတောင် နာကျင်နေတဲ့ပုံစံဖြင့် သူ့ရဲ့ခေါင်းလေးကို မော့ကြည့်လာတယ်။
"မား...ကျွန်...ကျွန်တော်..."
ကုယွမ် သူ့ကို ဒီလိုမြင်ရတော့ ပိုပြီးတောင် စိုးရိမ်လာရတော့တယ်။ နျဲ့နန်ချင်းကို ဖုန်းထပ်ခေါ်ရင် ကောင်းမလားလို့ သူမတွေးနေမိတယ်။ ဒါက တကယ်ရော သွေးတွင်းသကြားဓါတ် နည်းတာလေးပဲ ဟုတ်လို့လား။
ဒါပေမယ့် သူကအခု ခက်ခက်ခဲခဲ ရေသောက်နေသေးတာကို ကြည့်ရင်း ထက်မြက်တဲ့ အိုင်ဒီယာတစ်ခု ရလာခဲ့တယ်။ သူမ ပိုက်တစ်ချောင်း ယူကာ ကွေးလိုက်ပြီး ခွက်ထဲ ထည့်ပေးလိုက်တယ်။ ထို့နောက် ခွက်ကို နျဲ့ယွီသောက်ဖို့ ကမ်းပေးလိုက်တယ်။