Chapter 180

2.4K 189 2
                                    

Chapter 180

မိသားစုဝင်တွေဟာ သည်အခြေအနေကို ထူးဆန်းတယ်လို့ထင်ကြပေမယ့် ကျင်းချန်အနေနဲ့ သည်လိုမျိုး ချစ်သူတစ်ယောက် ခေါ်လာတာနဲ့တင် အရာရာတိုင်းက ပြည့်စုံနေပါပြီ။

ဒါပေမယ့် သူတို့က ကုယွမ်အကြောင်းကို သည်ထက် ပိုပြီး သိချင်တာကြောင့် စကားပြောပြီးပြန်လာကြတဲ့အခါ လိုင်းပေါ်မှာ ရှာလိုက်ကြတယ်။ သည်တော့မှ ကုယွမ်ဟာ နိုင်ငံ့ယောက္ခမကြီး ဖြစ်နေတယ်ဆိုတာ သိလိုက်ကြရပါတော့တယ်။

ကုယွမ်ဟာ အခုဆို အသက် ၄၀ ကျော်နေပြီ ဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ဆေးကုသမှု ခံယူရင်း အိပ်ပျော်နေခဲ့တာကို သူတို့သိသွားကြတယ်။

တစ်ဖက်မှာတော့ ဟော်ဘွားဘွားဟာ မိတ်ကပ်ဖျက်နေရင်း စိတ်တိုစွာ ပြောနေခဲ့ပါတယ်။
“သူတို့မလည်းနော်၊ သူတို့ကိစ္စ ဟုတ်တာကျလို့။ သူများကို ဝေဖန်နေကြတာ၊ စိတ်တိုလိုက်တာ”

အဲ့အချိန်မှာ ဟော်ဘိုးဘိုးကတော့ Tablet ကို ကိုင်ပြီး စိတ်ဝင်တစား ကြည့်နေတယ်။

“ဒီမှာ ရှင် ကျွန်မ ပြောနေတာက်ု ဘာလို့ မထောက်ခံပေးတာလဲ။ ပြစမ်း၊ ရှင် ဘာတွေများ ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ”

သူမ ကြည့်လိုက်တော့ ဂိမ်းကစားနေတာပါ။
“အဘိုးကြီးရယ်၊ ကလေးကလား ဂိမ်းကစားနေရသလား ရှင့်”

“မဟုတ်ပါဘူးကွာ။ မြေးလေး လန်တင်းနဲ့အတူတူ ဆော့ပေးနေတာ။ လန်တင်းက ကိုယ့်ကို ဒါ ဆော့ဖို့သင်ပေးသွားတယ်”

“ရှင်ကလည်း၊ ဘိုးအေ လုပ်နေပြီး ကလေးကို ဂိမ်းစွဲအောင်လုပ်နေတယ်။ တော်ပြီ၊ မဆော့နဲ့တော့”

“မင်းကလည်းကွာ။ မြေးလေးနဲ့ တရင်းတနှီး နေချင်လို့ ဆော့နေတာကွ။ ဘာမှလည်းမသိဘဲနဲ့”

သည်လိုပြောတော့ ဟော်ဘွားဘွားက သူ့လက်ထဲက Tablet ကို ဇွတ်ယူလိုက်ပြီး ဂိမ်းကို ဖျက်ပစ်လိုက်တာပေါ့။

သူများတွေ အမြင်မှာတော့ ဟော်မိသားစုရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ပေမယ့် အခန်းထဲရောက်ရင်တော့ သူ့မိန်းမ စကားကို တစ်ခွန်း မကျန်နားထောင်ရတဲ့ ဟော်ဘိုးဘိုးပါပဲ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now