Chapter 41
ကမ်မလီ ပြောလိုက်တဲ့စကားတွေဟာ ကုယွမ်ကို သူမနဲ့ နျဲ့ယွီအကြောင်း ပြန်တွေးမိစေတယ်။ သူမက သူ့အမေဆိုတာကို သိပြီးတဲ့နောက် နျဲ့ယွီတစ်ယောက် အဆင်မပြေ ဖြစ်လာခဲ့တယ်လေ။
ဒါပေမယ့် အဆုံးမှာတော့ နျဲ့ယွီက လိမ္မာတဲ့သားတစ်ယောက်ဆိုတာကို သူမ သဘောပေါက်ပေခဲ့မယ့် တစ်ခါတစ်လေကျ အဲ့ကလေးက နာကျင်စေတဲ့ စကားတွေပြောရတာ ကြိုက်တယ်။
ဘာလို့လဲ ...
ကမ်မလီပြောသလိုမျိုး နျဲ့ယွီက ပုန်ကန်ချင်တဲ့ကလေးတစ်ယောက်လို လုပ်နေတာ သူမရဲ့အာရုံစိုက်မှုကို လိုချင်လို့လား ...
"ဒါ့အပြင် ရှင်က အခု သားတစ်ယောက်တည်း မဟုတ်ဘဲ သားနှစ်ယောက်ရဲ့အမေဖြစ်နေပြီ။ ရှင်နဲ့ ကျီချီစန်းက အရင်တွေ့ခဲ့တော့ အချင်းချင်း ရင်းနှီးကြတယ်။
နျဲ့ယွီကကျ ရှင်နဲ့ တွေ့တာ နောက်ကျတယ်လေ။
ဒီလိုအခြေအနေမှာ နျဲ့ယွီက သေချာပေါက် သူက ကျီချီစန်းလောက် ရှင်နဲ့ရင်းနှီးမှုမရှိဘူးလို့ ခံစားရလိမ့်မယ်။ အဲ့ဒါကြောင့် သူက ရှင့်ကိုဆန့်ကျင်တဲ့ အပြုအမူတွေလုပ်နေတာ။ကျွန်မကြားတာတော့ သူတို့နှစ်ယောက်က ငယ်ငယ်လေးကတည်းက ရန်ဖြစ်ပြီး ကြီးပျင်းလာကြတာလေ။ သေချာတာပေါ့။ နျဲ့ယွီက ကျီချီစန်းရဲ့နောက်မှာ မကျန်ခဲ့ချင်ဘူး"
ထိုစကားကိုကြားပြီးနောက် ကုယွမ် အချိန်အတန်ကြာ စကားမပြောခဲ့ပါဘူး။
နျဲ့ယွီရဲ့ အရင်က အပြုအမူတွေကို ပြန်တွေးကြည့်တော့ ကမ်မလီရဲ့ စကားတွေက ကျိုးကြောင်းဆီလျော်တယ်ဆိုတာ သူမ နားလည်သွားရတယ်။
အဲ့တော့ နျဲ့ယွီက သူမရဲ့ အာရုံစိုက်မှုကိုလိုချင်လို့ တမင်လုပ်ခဲ့တာပေါ့ ...
ဘာလို့ အဲ့လိုဖြစ်ရတာလဲ ...
ကမ်မလီ : "နျဲ့ယွီက ငယ်စဥ်ကတည်းက ချမ်းသာတဲ့အိမ်မှာမွေးလာပြီး ပြီးပြည့်စုံနေတယ်လို့ ထင်ရပေမယ့် တကယ်တမ်း သူက မေတ္တာငတ်မွတ်နေတာပါ။
သူ့မှာ အမေမရှိခဲ့တဲ့အပြင် သူ့အဖေဖြစ်သူကလည်း အလုပ်ကိစ္စတွေကြောင့် သူ့ကိုလစ်လျူရှုထားခဲ့တယ်။ အခုချိန်ထိ သူ့ရဲ့နှလုံးသားထဲမှာ မိခင်ကိုတမ်းတနေတဲ့ ကလေးတစ်ယောက်လိုပါဘဲ။