Chapter 189 (End)

5.3K 307 7
                                    

Chapter 189 (ဇာတ်သိမ်းပိုင်း)

ဟော်ကျင်းချန်ရဲ့စောင့်ရှောက်မှုတွေနဲ့အတူ နောက်ဆုံးတော့ ကုယွမ်ဟာ ကလေးလေးကို မွေးဖွားခဲ့ပါတယ်။

သမီးလေး မွေးဖွားခဲ့တာပါ။

သူမ ခွဲခန်းထဲက ထွက်လာကတည်းက ပြစ်မျိုးမှဲ့မထင် လှပစွာ ချစ်စရာကောင်းနေတဲ့ သမီးလေးကို ကြည့်ပြီး ပီတိတွေ ဖြစ်နေခဲ့တာပေါ့။

ကလေးလေးဟာ ကောင်းခြင်းတွေနဲ့ မွေးဖွားလာခဲ့တဲ့ မင်းသမီးလေး ဖြစ်ပြီး ဟော်မိသားစုကဆို ပျော်လွန်းလို့ ငိုတောင် ငိုနေကြပါသေးတယ်။

သားဖြစ်သူ ကျင်းချန်ဟာ အခု မိန်းမယူရုံတင်မကဘဲ သမီးလေးပါ မွေးတယ်ဆိုတော့ အပျော်ဆုံးလူသားက ဟော်ဘွားဘွား ဖြစ်နေပါတော့တာပေါ့။

မြေးမလေးကု မြင်တာနဲ့ သူမ တစ်ဘဝလုံး စုဆောင်းလာခဲ့တဲ့ လက်ဝတ်ပစ္စည်းတွေ အားလုံးကို ပေးတယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။

မစ္စ ဟော်က လက်ဝတ်ရတနာတွေကို အရမ်းခုံမင်ပြီး စုတတ်တယ်။ သူမမှာရှိတဲ့ ရတနာတွေနဲ့တင်  ပြတိုက်ကြီးတစ်ခု ဆောက်လို့ရအောင် များပြားလွန်းပေမယ့် အခုလို ချက်ချင်း မြေးမလေးကို ပေးလိုက်နိုင်ဖို့ဆိုတာ တော်ရုံ သံယောဇဉ်နဲ့မရပါဘူး။

အားကျမခံ မစ္စတာ ဟော်ကလည်း မြေးမလေးအတွက် သူ့ရဲ့ရှယ်ယာတွေကို လက်ဆောင်ပေးလိုက်တယ်။

သည်တော့ ကလေးမလေးက မွေးဖွားလာကတည်း
က အချမ်းသာဆုံး စာရင်းဝင်နေခဲ့တာပေါ့။

ဒါတင် ဘယ်ကဦးမလဲ။ သူမရဲ့အစ်ကို ၅ ယောက်ကလည်း တစိယောက်ချင်းစီ လက်ဆောင်တွေပေးကြပါသေးတယ်။

သူမ ရက် ၁၀၀ ပြည့်မှာတော့ ညီအစ်ကိုတွေ စုပေါင်းပြီး သူမ နာမည်နဲ့ ရန်ပုံငွေ အဖွဲ့အစည်းတစ်ခုကို တည်ထောင်ပေးခဲ့တယ်။

အဲ့ပွဲမှာပဲ သား ၅ ယောက်လုံးကို လူအများက မြင်တွေ့လိုက်ရပြီး သိပ္ပံပညာရှင် ကျန်းယင်ဖုန်းကိုပါ သူတို့တွေ ရှာဖွေ တွေ့ရှိသွားပါတော့တယ်။

ယင်ဖုန်းရဲ့ ချောမောလှပတဲ့ မျက်နှာကြောင့် မိန်းကလေးတွေ အုတ်အော်သောင်းနင်း ဖြစ်ကြရပြန်တာပေါ့။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now