Chapter 7

5.1K 561 1
                                    

Chapter - 7 ရုပ်ရှင်အကယ်ဒမီကျောင်းသို့ ပြန်လာခြင်း

နောက်နေ့နံနက် ကုယွမ် အိပ်ယာနိုးလာတဲ့အချိန်မှာ အန်တီစွန်းက မနက်စာစားဖို့ လာခေါ်တယ်။
ကုယွမ် သူမ နှစ်တွေအကြာကြီး အိပ်ပျော်နေခဲ့တာတောင် ဒီမနက် သူမရဲ့ခန္ဓာကိုယ်က အိပ်ရေးမဝသလို ခံစားနေရတုန်းပဲ။

သူမ နည်းနည်းလောက် ထပ်အိပ်လို့ရရင်ကောင်းမှာ။ ခက်ခက်ခဲခဲ အိပ်ယာထပြီးတဲ့နောက် အောက်ထပ်မှာ နံနက်စာ မစားခင် မျက်နှာသစ်ဖို့ ပြင်ဆင်ရတော့တယ်။

ထမင်းစားခန်းမှာ သန့်ရှင်းတောက်ပနေပြီး ဝတ်စုံ အပြည့်နဲ့ ချောမောခံညားနေတဲ့ ကျီချီစန်းက ထမင်းစားပွဲဝိုင်းမှာ နေရာယူထားတယ်။ သူ သူမကို မြင်တော့ ခေါင်းညိတ်ပြလာတယ်။ သူမလည်း ပြုံးပြနှုတ်ဆက်လိုက်ကာ တစ်ညလုံး အပိုင်သိမ်းထားခဲ့တဲ့ ဖုန်းကို ပိုင်ရှင်ဆီ ပြန်ပေးလိုက်တယ်။

ထို့နောက် နှစ်ယောက် အတူတူ ထမင်းစားကြတယ်။ နံနက်စာမှာ အဆင့်မြင့်ဟိုတယ်တွေကလို တရုတ်အစားအစာနဲ့ အနောက်တိုင်းအစားအစာ
နှစ်မျိုးလုံး အလျံအပယ်ပင်။

ကုယွမ် ယုံတောင် မယုံနိုင်ဘူး။
"ဒါ မားတို့ နှစ်ယောက်စားဖို့အတွက်ပဲလား"

ကျီချီစန်း သူမကို ကြည့်တာ ခဏလောက် တိတ်ဆိတ်သွားပြီး "ဟုတ်ပါတယ်"

ကုယွမ် : "အိုး…"
သူမ အစက အနည်းငယ် စပ်စုချင်နေပေမယ့်
ထားလိုက်ပါတော့။ တွေးကြည့်ရင် ဒီအိမ်က လူသိများကျော်ကြားလှတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ကျီကျန်းထျင်ရဲ့အိမ်ပဲလေ။
ရှေ့မှာထိုင်နေတဲ့ သူမသားကလည်း ကျီကျန်းထျင်ရဲ့သားဘဲ မဟုတ်လား။ ချမ်းသာတဲ့ မိသားစုတွေက သူတို့ စားချင်တာ အကုန်စားလို့ရတာဘဲဟာ။ မထူးဆန်းတော့ပါဘူး။

ထို့နောက် သူမလည်း ခေါင်းမဖော်တမ်း စားသောက်တော့တယ်။ ဟင်းလျာတွေအားလုံးက အနံ့ အရသာနှင့် ပြည့်စုံလွန်းတာကြောင့် တစ်မျိုးပြီး တစ်မျိုး ဆက်တိုက်ဆိုသလို စားနေမိခြင်း ဖြစ်တယ်။

နေရောင်ခြည်နွေးနွေးလေးက
ကန့်လန့်ကာကို ဖြတ်၍ ထမင်းစားခန်းလေးကို
ရွှေရောင်လွှမ်းပေးထားတယ်။ ပတ်ဝန်းကျင်က
တိတ်ဆိတ်နေလျက် နွေးထွေးတဲ့လေထုအခြေအနေလေးကို ထိန်းသိမ်းပေးထားတယ်။ တစ်ခါတစ်ရံ အိမ်ရဲ့ အစေခံတွေ ဝင်ထွက် သွားလာနေကြတဲ့ အသံကလွဲလို့ မည်သည့်အသံကိုမျှ မကြားရမိခဲ့။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now