Chapter 162

2.3K 185 0
                                    

Chapter 162 (ကုယွမ် ပျော်မနေဘူး)

မြို့တော်ကို ပြန်ရောက်ရင် ရုပ်ရှင်ဇာတ်ညွှန်းကို လေ့လာဖို့ စီစဥ်ထားပေမယ့် အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်။

ကုယွမ်ရဲ့ စတူဒီယိုက ဟူယွဲ့ကျင်းကို တရားမဝင် သတင်းပေါက်ကြားစေမှုဖြင့် တရားစွဲဖို့ ပြင်နေခဲ့တယ်လေ။

ထိုသတင်းထွက်လာလာချင်း hotsearch ထဲ တန်းရောက်သွားတော့တယ်။ ဘာပဲဖြစ်ဖြစ် သည်သတင်းရဲ့ အဓိကဇာတ်ကောင်တွေက ဝါရင့်အနုပညာရှင် ဟူယွဲ့ကျင်းနဲ့ နိုင်ငံတကာ စံပြယောက္ခမကြီး ကုယွမ် ဖြစ်နေတာကိုး။

ကုယွမ်ရဲ့ ဖြစ်တည်မှုက အင်တာနက် သုံးစွဲသူတွေကြားမှာ လျို့ဝှက်ဆန်းကြယ်နေတယ်။ သူမ အသက်ဘယ်လောက်ရှိပြီလဲ၊ အရွယ်ရောက်ပြီး သားသုံးယောက်ကို ဘယ်လိုရလာတာလဲ၊ နျဲ့နန်ချင်း၊ ကျီကျန်းထျင်တို့နဲ့ရော ဘယ်လိုပတ်သက်နေလဲ။

ဘယ်လိုတောင် ဆန်းကြယ်တဲ့ ခွေးသွေး ဒရမ်မာလဲ ဆိုတာကို လူတိုင်းက စိတ်ဝင်စားနေကြတယ်။ အထူးသဖြင့် သူမရဲ့ သားသုံးယောက်က အချင်းချင်း သင့်မြတ်နေကြတယ်လေ။

အချို့လူတွေက ကုယွမ်ကို မနာလို အားကျဖြစ်နေကြပြီး အချို့ကတော့ ကုယွမ်ရဲ့ ချွေးမဖြစ်ရဖို့ အပြင်းအထန် ကြွေးကြော်နေကြတယ်။

သည်လို သက်ဝင်လှုပ်ရှားနေတဲ့ မြင်ကွင်းထဲမှာ ဟူယွဲ့ကျင်း တရားစွဲခံရတဲ့ သတင်းဟာလည်း ရေပန်းစားလာခဲ့တယ်။

ဟူယွဲ့ကျင်းရဲ့ နာမည်ကို လူငယ်မျိုးဆက်သစ်တွေ မသိလောက်ပေမယ့် တစ်ခေတ်ထဲက လူတွေကတော့ ရင်းနှီးပြီးသားပါ။

ဒါပေမယ့် ဘာလို့ ဟူယွဲ့ကျင်းက ကုယွမ်ရှိနေတဲ့ နေရာကို ပေါက်ကြားစေရတာလဲ။

ဘယ်လောက်တောင် မုန်းနေလို့လဲ။

အင်တာနက်သုံစွဲသူတွေထဲက ကျွမ်းကျင်ပညာရှင် အချို့မှာ အရေးကြီးတဲ့အချက်အလက်တွေကို မြန်မြန်ပဲ ရှာတွေ့သွားခဲ့ကြတယ်။

ကုယွမ်နဲ့ ယူယွဲ့ကျင်းတို့က အခန်းဖော်ဟောင်းတွေ ဖြစ်နေတယ်။ အဲ့တော့ ကုယွမ်ရဲ့ အသက်က ၄၀ ရှိပြီဆိုတဲ့ အဖြစ်မှန်ကို သိသွားကြတယ်။
သည်အသက်အရွယ်က သားသုံးယောက်ကို မွေးဖို့ ပြဿနာ မရှိဘူး။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now