Chapter 18

5K 574 4
                                    

Chapter 18
(ဒီမိန်းကလေးက မင်းရဲ့အမေလား)

ကျီကျန်းထျင်တစ်ယောက် သားရဲ့ဘေးမှာရပ်နေတဲ့ ကွမ်ယုကို ထိတ်လန့်စွာကြည့်လိုက်တယ်။ ပြီးတော့ ဘေးမှာရှိနေတဲ့ အဒေါ် ချန်းကို မေးလိုက်ပါတယ်။
“ဒီကောင်မလေး မျိုးရိုးနာမည်က *ကု* လို့ ပြော
ခဲ့တာမလား”

အဒေါ်ချန်းလည်း သခင်ကြီးဒီလိုတုန်လှုပ်နေတာကို တစ်ခါမှ မမြင်ဖူးခဲ့တဲ့အတွက် ကြောက်လန့်စွာနဲ့ ခပ်မြန်မြန် ဖြေလိုက်တယ်။
“ဟုတ် ... ဟုတ် ... ဟုတ်ပါတယ် သခင်ကြီး။ မျိုးရိုး
နာမည်က *ကု* ပါ”

ကျီကျန်းထျင် သူ့သားကို ကြည့်လိုက်ပြီး ...
“ချီစန်း၊ ဒီ ... ဒီ ... ဒီမိန်းကလေးက…”

ကျီချီစန်းက တည်ငြိမ်စွာ ဖြေလိုက်တယ်။
“ပါးကို အထွေအထူး မိတ်ဆက်ပေးနေစရာတော့ မလိုဘူးထင်ပါတယ်။ ဒါ ကျွန်တော့်ရဲ့အမေပါ”

သူ့စကားလုံးတွေက တည်ငြိမ်နေပေမယ့် ဧည့်ခန်း
ထဲက နားထောင်လိုက်ရတဲ့သူတွေအဖို့တော့ မိုးကြိုးပစ်ချသလို ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။

အဒေါ်ချန်းဆိုရင် သူမခေါင်း တစ်ခုခုဖြစ်သွားတာလားလို့တောင် တွေးမိတဲ့အထိပါပဲ။

သခင်လေးက မမလေးကုကို မား လို့ခေါ်ပေမယ့် ဒါဟာ လူငယ်တွေကြားက ဟာသတစ်ခုလို့ ထင်နေခဲ့တာပါ။

ဒါပေမဲ့ အခုတော့ သခင်လေးကိုယ်တိုင်က ဒါသူ့ရဲ့အမေပါလို့ ပြောလိုက်တာပဲ ...

သခင်လေးရဲ့စိတ်မူမမှန်တာ မဟုတ်ဘူးဆိုရင် သူမ နားကြားလွဲတာပဲ ဖြစ်မယ်။ ဘာလို့ဆို ဒါကြီးက ဖြစ်မှ မဖြစ်နိုင်ဘဲ။

အိမ်တော်ထိန်း စီမားက ဒါကိုလဲကြားရော ထိတ်လန့်ပြီး နောက်ကို ခြေတစ်လှမ်းဆုတ်သွားခဲ့တယ်။
သူ့ကိုကြည့်ရတာ အတိတ်က အကြောင်းတွေကို သူက သိထားတဲ့ပုံပါ။ အဲဒီနောက် သူ ကုယွမ်ကိုသေသေချာချာ ကြည့်လိုက်တယ်။ သူ သတိထားမိ
လိုက်တာက သူမက တကယ့်ကို သခင်လေးနဲ့ တစ်ပုံစံတည်းပါပဲ။

ဒါဆို ဒီမိန်းမငယ်လေးဟာ တကယ်ပဲ သခင်လေး
ရဲ့အမေပေါ့ ...

ငယ်ရွယ်လှပလွန်းပြီး အပြစ်ကင်းနေတဲ့ ဒီ မိန်းမငယ်လေးကလေ ...

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now