Chapter 115

3.2K 283 1
                                    

Chapter 115 အဖေနှစ်ယောက်ရဲ့ တုံ့ပြန်မှု

သူ့ရဲ့အဖေကို အောင်မြင်စွာ ဖြောင်းဖြနိုင်ပါ့မလား။

နျဲ့ယွီက မသိသလို ဟော်လန်တင်းလည်း မသိပါဘူး။ ကံကောင်းစွာနဲ့ပဲ သူ့မှာ ဝှက်ဖဲတစ်ချပ်ဖြစ်တဲ့ ဘိုးဘိုး ရှိနေတယ်။

ဟော်လန်တင်းဟာ အမှန်တရားကို သေချာနားလည်ပါတယ်။ သည်ကမ္ဘာမှာ အစာကွင်းဆက် တစ်ခုရှိတယ်။ ဥပမာပြောရရင် ပါပါးက အစာကွင်းဆက်မှာ သူကိုယ်တိုင်ရဲ့အပေါ်မှာ ရှိနေတယ်ဆိုရင် ပါပါးရဲ့ အပေါ်မှာ ဘိုးဘိုး ရှိတယ်။

သူက ပါပါးရဲ့ စကားကိုနားထောင်ရသလို ပါပါးကလည်း ဘိုးဘိုးရဲ့ စကားကို နားထောင်ရတယ်။ ဒါပေမယ့် ဘိုးဘိုးက သူ ကိုယ်တိုင်ရဲ့ စကားကို နားထောင်ပေးတော့ ဟော်လန်တင်းက ကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိနေသလို ခံစားလိုက်ရတယ်။

ဟော်လန်တင်း ထိုအကြောင်းတွေးမိပေမယ့် စိတ်မချနိုင်သေးပါဘူး။ အရင်ဆုံး သူ့ရဲ့ ဘိုးဘိုးကို ဖုန်းခေါ်ပြီး သည်အကြောင်းပြောပြပြီးနောက် ပါပါးကို ခေါ်လိုက်တယ်။

"ပါး၊ ကျွန်တော့်မှာ ဆွေးနွေးစရာရှိတယ်"
ဟော်လန်တင်းက တိုက်ရိုက်ပဲ ပြောလိုက်တယ်။

ဟော်ကျင်းချန် : "ပါးမှာလည်း သားနဲ့ ဆွေးနွေးစရာ ရှိတယ် "

"ဘာများလဲ"

"ပါးတို့ တရုတ်မှာ နေတာ အချိန်လည်းကြာပြီဆိုတော့ အိမ်ပြန်သင့်ပြီလေ၊ သားရဲ့ ဖိုးဖိုးက သားကို လွမ်းနေပြီ"

"ဘိုးဘိုးက ကျွန်တော့်ကို လွမ်းတယ်တဲ့လား၊ မဖြစ်နိုင်ဘူး"

"ဟမ်"

"ဘာမှ မဟုတ်ပါဘူး၊ ဘိုးဘိုး ပြောတာက ကျွန်တော် တရုတ်မှာ နေပြီး ပျော်လို့ရသေးတယ်တဲ့"

"အဲဒါက သားရဲ့ဘိုးဘိုးနဲ့ မဆိုင်ဘူး"
ဟော်လန်တင်းရဲ့ အသံက နူးညံ့နေတယ်။

"သားက ထွက်လာတာကြာပြီဆိုတော့ အိမ်စာတွေအများကြီး လုပ်ဖို့ရှိသေးတယ်လေ၊ ပြီးတော့ နောက်လမှာ သားရဲ့ဘိုးဘိုး မွေးနေ့ရှိတယ်၊ ပါးတို့ စောစောပြန်ပြီး ပြင်ဆင်ရမယ်"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now