Chapter 179

2.3K 201 1
                                    

Chapter 179 (ကျွန်မမှာ သားငါးယောက်ရှိတယ်!)

အားလုံး တိတ်ဆိတ်နေတဲ့အချိန်မှာ ဖန်းကွေ့ရူက
ဝင်ပြီးပြောလိုက်ပါတယ်။
“ဒါဆို မိန်းကလေး ကုရဲ့မျိုးရိုးနာမည်က ကု လား”

“ဟုတ်ပါတယ်”

အတူတူရှိနေကြတဲ့ သူတွေအကုန် ကုယွမ်ကို လေးစား အားကျတဲ့အကြည့်နဲ့ ကြည့်နေကြတယ်။ သည်မိသားစုဟာ စီးပွားရေးထက် သည်လို သုတေသနပိုင်းမှာ ထူးချွန်ကြသူတွေကို ပိုတန်ဖိုးထား လေးစားတတ်ကြတယ်လေ။

အဲ့အချိန်မှာ လန်တင်းက ဂုဏ်ယူစွာနဲ့ အားလုံးကို
ရှင်းပြလိုက်တယ်။
“တကယ်တော့ ဒီအပြာရောင်ဂြိုလ်လေးက သေ
ဆုံးနေတဲ့ ကြယ်တံခွန်တစ်ခုဗျ။ ကြယ်မိုးတွေ ရွာ
ချတာက သူ့ကိုယ်ထည်ကနေ အပိုင်းအစလေးတွေ စုပေါင်းသွားလို့ဖြစ်တည်လာတာလေ။ ပြောရမယ်ဆိုရင် နောက် ကြယ်မိုးတွေ ရွာချတိုင်း ကုရှင်းရှင်းရဲ့ကြယ်ကြွေညဆိုပြီး လူတွေ ပြောစမှတ်ပြုကြတော့မှာ”

ကင်မီ : “လန်တင်း၊ မင်းက အရမ်းတော်တာပဲ။ ဘာလို့ အဲ့လောက်တောင် သိနေရတာလဲ"

လန်တင်း : “ငါ အခု အဆင့်မြင့်နက္ခတ်ဗေဒပညာနဲ့သိပ္ပံပညာ ကိုလေ့လာနေတာလေ။ မင်း သိချင်တာရှိရင် ငါ့ကို မေးပေါ့”

သည်အခြေအနေကို ကြည့်ပြီး မစ္စတာနဲ့ မစ္စ ဟော်တို့က ဂုဏ်ယူနေကြတာပေါ့။

“ကြည့်ပါဦး။ လန်တင်းလေးက သူ့ အမေကြောင့် ဒီလောက်တော်နေတာပဲ ဖြစ်ရမယ်”

သည်စကားကို ကြားတော့ ကုယွမ်က ချက်ချင်းငြင်းဆိုလိုက်တယ်။
“မဟုတ်တာ၊ ကျွန်မက နက္ခတ်ဗေဒနဲ့ ပက်သက်တာဘာမှမသိပါဘူး။ လန်တင်းကို ဒါတွေ ကျွန်မ သင်ပေးထားတာ မဟုတ်ဘူး”

ဖန်းကွေ့ရူ (အခွင့်အရေးကိုအမိအရဆုပ်ကိုင်လျက်) : “ဟင်၊ ဒါဆို ဘယ်သူ သင်ပေးတာလဲ”

သည်လိုမေးတော့ ကုယွမ်က ဟော်ကျင်းချန်ကို တိုင်ပင်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ ကျင်းချန်ကလည်း ဖြေးညှင်းစွာ ခေါင်းညိတ်ပြလိုက်ပါတယ်။

ကုယွမ် : “ကျွန်မ သား သင်ပေးတာပါ”

ဖန်းကွေ့ရူ : “သား၊ ဟုတ်လား။ ဒါဆို ရှင်တို့မှာ နောက်ထပ် သားတယောက် ရှိသေးတယ်ပေါ့။ ဒါကို ဘာလို့ ဒီမှာ မတွေ့ရတာလဲ”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now