Chapter 57

4.3K 530 2
                                    

Chapter 57 (ရှင်ဘုရင်ရဲ့ကမ်းလက်)

ကုယွမ် စာချုပ်ရတဲ့အခါ သေချာဖတ်ကြည့်တဲ့အပြင် နျဲ့ယွီကိုပါ သေချာစစ်ဆေးလေ့လာခိုင်းခဲ့ပါတယ်။ အဆင်ပြေပြီဆိုမှ သူမ လက်မှတ်ထိုးပေးခဲ့တယ်။

ကုယွမ်ဟာ ခေါင်းဆောင်မင်းသမီး ဖြစ်ပေမယ့် သူမ အတွက် မင်းသမီး ၇ ယောက်၊ ၈ ယောက်လောက်ကို တာဝန်ယူနေရတဲ့ မန်နေဂျာ အမဟူနဲ့ပဲ အလုပ်လုပ်ရပါတယ်။ အမ ဟူ ကတော့ တစ်ခုခုဆိုတာနဲ့ အားမနာဘဲ လာမေးလို့ ပြောတတ်ပါတယ်။

အဲဒီနောက် ဇာတ်ကာထဲမှာပါမယ့် ဝတ်စုံတွေစမ်းဝတ်ကြည့်တယ်။ နောက်ပြီး အဖွဲ့သားတွေနဲ့လည်း
သွားရောက်မိတ်ဆက်ခဲ့ပါတယ်။ ခေါင်းဆောင်မင်းသား လော့ကျွင်းထျန်ကတော့ တခြားရိုက်ကူးရေးတွေကြောင့် ရောက်မလာခဲ့ပေမယ့် ကျန်တဲ့သူအားလုံးနဲ့ မိတ်ဆက်ခဲ့တယ်။

မျက်နှာသစ် သရုပ်ဆောင်ဖြစ်တဲ့ ကုယွမ်ကို ဘယ်မင်းသား၊ မင်းသမီးကမှ အရေးတယူထားပြီး မနှုတ်ဆက်ကြပါဘူး။ သည့်အပြင် ဟိုနေ့က တွေ့ခဲ့တဲ့ လင်လုဆိုတဲ့ တစ်ယောက်ကဆို ကုယွမ်ကို ကြည့်တောင် မကြည့်တာပါ။

သည်အခြေအနေက ကုယွမ်ကို စိတ်ဓာတ်ကျစေတယ်။ ဒါကြောင့် အိမ်ပြန်ရောက်တဲ့အခါ ချီစန်းရဲ့အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းကိုတောင် ဘာမှမဖြေနိုင်ပဲ ဖြစ်နေခဲ့ရတာပေါ့။

သူမဟာ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ၊  ဘယ်လောက်ပဲ ကြိုးစား၊ ကြိုးစား မျက်နှာသစ် အနေနဲ့ အထင်သေးခြင်းခံနေရမှာပါပဲ။

သူမရဲ့သားနှစ်ယောက်စလုံးက သူဌေးတွေ ဖြစ်ကြ
ပေမယ့် သူမက အလုပ်ကြိုးစားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်တာပါ။

သည်လို ကျောင်းတက်ရင်း ရုပ်ရှင်ကားအတွက် အ
ရွေးခံရပြီဆို ကျောင်းကိစ္စအတွက် စိုးရိမ်စရာမလိုတော့ပါဘူး။ အကယ်၍ အတန်းချိန်တွေ အများကြီးပျက်တယ်ဆိုရင်တောင် အချိန်ပိုတွေ ထပ်ဆင်းလို့ရပါသေးတယ်။

ခြုံပြောရရင်တော့ သူမ ဒီလောကမှာ အနှစ်,နှစ်ဆယ်ကျော်လောက် ပျောက်သွားတဲ့အတွက် အရာရာတိုင်းက ခက်ခဲနေခဲ့တယ်။ သူမ သေချာကြိုးစားရမယ်လေ။ အခုဆို ဇာတ်ကားကြောင့် ကျောင်းကိုတောင် မသွားနိုင်တော့ပါဘူး။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now