Chapter 55

4.4K 499 2
                                    

Chapter 55 (ဝမ်းကွဲညီမလေး ဟုတ်လား)

လုကျီးချန် (ရယ်မောလျက်)  : “ဘာရယ်၊ ဝမ်းကွဲညီမလေး၊ ဟုတ်လား”

လုကျီးချန်က ကုယွမ်ရဲ့ ဝမ်းကွဲတွေကို အကုန်သိပါတယ်။

သူမမှာ ဝမ်းကွဲ ညီမတစ်ယောက်ရှိပေမယ့် သူမကို အကျိူးမပေးတဲ့ ရန်သူဖြစ်ခဲ့တာလေ။

ကုယွမ်ကလည်း အံ့ဩသွားတယ်။ ဘယ်လိုလုပ်ပြီး ဒီငယ်ငယ်ရွယ်ရွယ်ကောင်လေးက သူမရဲ့ဝမ်းကွဲအစ်ကို ဖြစ်ရမှာလဲ။

ဒါပေမယ့် ကုယွမ်ဟာ အခွင့်အရေးကို အသုံးချလိုက်ပြီး “ဟုတ်တယ် လုကျီးချန်။ သူက ကျွန်မရဲ့
ဝမ်းကွဲတော်စပ်တယ်။ ဒီတော့ ရှင်ဒုက္ခမရောက်ချင်ရင် ကျွန်မကို ထပ်ပြီး မနှောင့်ယှက်ပါနဲ့တော့” လို့ ပြောလိုက်လေရဲ့။

လော့ကျွင်းထျန်က သူမကို ကြည့်လိုက်တော့ ရှက်
သွေးဖြာနေတဲ့ သူမကို တွေ့လိုက်ရပါတယ်။ ကြည့်ရတာ ရယ်ချင်စိတ်ကိုလည်း ထိန်းထားရပုံပါ။

အဲ့အချိန်မှာ ကုမ္ပဏီထဲက လူတစ်ချို့အပြင်ထွက်
လာကြပြီး သူတို့သုံးယောက်ကို မြင်တော့ အံ့ဩသွားခဲ့ကြတယ်။

သူတို့အနေနဲ့ ဒီနေရာမှာ စတားတွေ တစ်ယောက်နဲ့
တစ်ယောက် စကားပြောလို့ရတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် သူတို့က လုကျီးချန်နဲ့ လော့ကျွင်း
ထျန်ဆိုရင်တော့ ထူးခြားပါပြီ။ သူတို့တွေအနေနဲ့ ဒီသတင်းကို ဖောက်သည်ချရတော့မှာပဲ။

ဒါကြောင့် လုကျီးချန်က စိတ်လျှော့လိုက်တယ်။
“ဒါဆိုလည်း မင်းရဲ့ဝမ်းကွဲညီမက်ို သေချာထိန်းထား၊ ငါ့နောက်ချည်း လိုက်မနေစေနဲ့ ကြားလား”

ဒီစကားကိုကြားတော့ ကုယွမ်က လုကျီးချန်ကို ပါးချချင်စိတ် ပေါက်လာပါတယ်။

ဒီလိုနဲ့ ကုယွမ်တစ်ယောက် လော့ကျွင်းထျန်နောက်ကို လိုက်ပါသွားခဲ့ရလေရဲ့။

လော့ကျွင်းထျန်ဟာ နူးညံ့စွာနဲ့ ကုယွမ်ကို မေးလိုက်တယ်။
“မင်းက ဒီကိုဘာလာလုပ်တာလဲ မသိဘူး”

ကုယွမ်ဟာ ပြုံးပြလိုက်ပြီး သူကမ်းပေးတဲ့ရေကိုမော့သောက်ကာ စပ်စုစိတ်တွေပြည့်နေတဲ့ ကောင်လေးကို ကြည့်လိုက်တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now