Chapter 33

4.5K 493 0
                                    

Chapter 33

ကုယွမ် စိတ်ကိုသေချာစုစည်းလိုက်ပြီး အသက်ကို ဝ,ဝရှုသွင်းလိုက်ပါတယ်။

သူမသာ မျိုးဥမပေးခဲ့ဘူးဆိုရင် ဒီကမ္ဘာမှာ နျဲ့ယွီဆိုတာ ရှိလာမှာ မဟုတ်ဘူးလေ။ ဒါတွေက သူမရဲ့အပြစ်ပါပဲ။

ပြောရမယ်ဆို နျဲ့ယွီ အမှားလုပ်ရင် သူမ တာဝန်လည်း မကင်းဘူး မဟုတ်လား။

ဒါကိုတွေးမိတော့ ကုယွမ်တစ်ယောက် သူမပုခုံးမှာ ဝန်ပိနေပါလားလို့ တွေးမိပါတယ်။

နျဲ့ယွီဟာ အချစ်ရေးနဲ့မိတ်ဆွေအပေါင်းအသင်းတွေကြောင့် ပြဿနာဖြစ်နေတယ် ထင်ခဲ့ပေမယ့်
အခုကတော့ ဘဝအပေါ်ထားရှိတဲ့ အမြင်ကိုက ပြဿနာရှိနေတာပါ။ ဒီလိုမျိုး ချမ်းသာကြွယ်ဝမှုနဲ့အာဏာကြောင့် ကားကိုအရှိန်ပြင်းစွာ မစဉ်းစားပဲ ဝင်တိုက်ပစ်တဲ့လုပ်ရပ်က အရမ်းဆိုးတယ်။

သူ့အမှားကို သေချာပေါက် ပြုပြင်ပေးရမယ်။

ကုယွမ် လက်သီးဆုပ်လိုက်ပြီး နျဲ့ယွီကို သေချာကြည့်လိုက်တယ်။

သူက အရမ်းကို ချောမောလွန်းတာကြောင့် တော်တော်များများ သူ့ကို မော်မကြည့်ရဲကြပေမယ့်
ကုယွမ်ကတော့ ဒေါသထွက်နေတာကြောင့် သူချောမောနေတာကို မမြင်ခဲ့ပါဘူး။

“အဲလို ကားနဲ့လိုက်တိုက်နေတာ ကောင်းတယ်လို့ မင်းထင်နေတာလား ...”

“ကျွန်တော်က ကားကိုတိုက်တာပါ။ လူကို တိုက်တာမှ မဟုတ်တာ”

“ကားထဲမှာ လူရှိနေတယ်လေ”

“လူမှ မထိခိုက်သွားတာ”

“နျဲ့ယွီ၊ မင်းက သာမန်လူတစ်ယောက်နော်၊ ဘုရားရှင် မဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး ဘယ်သူမှ
မထိခိုက်ဘူးဆိုတာ သေချာနေရတာလဲ။ မတော်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ"

“မဖြစ်နိုင်တာ၊ ကျွန်တော့်ရဲ့ကားမောင်းစွမ်းရည်က အဲလိုလုံးဝမဖြစ်စေနိုင်ပါဘူး”

ကုယွမ်က နျဲ့ယွီကို ဆွံ့အ,စွာကြည့်လိုက်တယ်။ နျဲ့ယွီကတော့ ဂုဏ်ယူနေပုံပါပဲ။

အဲဒီနောက် နျဲ့ယွီ ကားရပ်လိုက်ပြီး ကားထဲက ထွက်လာခဲ့တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now