Chapter 173 (ခွဲခွာခြင်း)
သက်တောင့်သက်သာရှိတဲ့ လည်သာ ဆိုဖာပေါ်မှာ လှဲလျောင်းရင်း သူမရဲ့ မျက်လုံးတွေကို မှေးထားကာ အမျိုးသားရဲ့ လက်မောင်းတွေထဲမှာ အနားယူနေခဲ့တယ်။
တကယ့် အဓိက အချိန်ရောက်တော့ သူ ဘာဆက်လုပ်ရမလဲ မသိဘူးလို့ပြောကာ တုံ့ဆိုင်းသွားခဲ့ပါတယ်။
သူ့ရဲ့ တုန်လှုပ်နေတဲ့ အသံနိမ့်နိမ့်ကို သူမ ကြားနေရတယ်။
သူ့မှာ သည်လိုမျိုး အတွေ့အကြုံ မရှိခဲ့ဘူးလေ။ ပထမဆုံးအကြိမ်ဆိုတော့ သူ့မှာ ယုံကြည်ချက် သိပ်ရှိမှာ မဟုတ်ဘူး။
သူမလည်း အနည်းငယ် ကြောက်နေပေမယ့် သူ့ကိုပဲ တိတ်တိတ်လေး ဖက်ထားခဲ့တယ်။
သူက သတ္တိမွေးပြီး ရှေ့ဆက်လိုက်တော့ အရာအားလုံးက သူ့အလိုလို အဆင်ပြေပြေ ပြီးသွားခဲ့တယ်။
ဟော်ကျင်းချန် : "မင်း ဘယ်လိုထင်လဲ"
ကုယွမ် : "အဆင်ပြေပါတယ်"
ဟော်ကျင်းချန် : "အိုး"
ကုယွမ် : "အစပိုင်းမှာ နည်းနည်းနာပေမယ့် နောက်တော့ အဆင်ပြေသွားတယ်"
"ကိုယ် တောင်းပန်ပါတယ်"
ဟော်ကျင်းချန်က တိုးတိုးလေး ပြောလာတယ်။"နောက်တစ်ကြိမ်ကျ ကိုယ် ပိုပြီး ညှင်သာပါ့မယ်"
"မလိုပါဘူး"
ဘာလို့ သည်လူက တောင်းပန်နေရတာလဲ။ဒါပေမယ့် သူမ အခုပြောလိုက်တဲ့စကားလုံးက တစ်ခုခုမှားနေသလိုပဲ။ 'ညှင်သာပေးဖို့ မလိုဘူး' ဆိုတော့ သူမက ကြမ်းတာကို ကြိုက်တယ်လို့ ဆိုလိုတာလား။
ဟော်ကျင်းချန်လည်း ကြက်သေသေသွားတယ်။
သူတို့နှစ်ယောက် တစ်ယောက်မျက်နှာကို တစ်ယောက် စိုက်ကြည့်နေရင်း နောက်ထပ်အနမ်းတိုက်ပွဲ တစ်ခုကို အစပြုလိုက်ကြပြန်တယ်။
သည်တစ်ခေါက် အနမ်းက အရမ်းနူးညံ့နေတယ်။
"တကယ်တော့ ကိုယ့်ကိုလိုက်တဲ့ မိန်းမတွေ အများကြီးရှိခဲ့ပေမယ့် ကိုယ် သူတို့ရဲ့မျက်နှာတွေကိုတောင် မမှတ်မိနိုင်ဘူး၊ မင်းလေးကို ပင်လယ်ထဲမှာ ပထမဆုံးစတွေ့တုန်းကလည်း မျက်နှာကို မမှတ်မိပေမယ့် ထူးထူးခြားခြား မင်းရဲ့မျက်လုံးတွေကိုတော့ မှတ်မိနေခဲ့တယ်"