Chapter 168

2.2K 193 1
                                    

Chapter 168 (ငါ ဘာလိုချင်တာလဲ)

ငါ ဘာလိုချင်တာလဲ။

ဟော်ကျင်းချန်က ဘာမှမပြောဘဲ သူ့ရဲ့ဆန္ဒမီးတောက်ကို ဖိနှိပ်နေခဲ့တယ်။

ကုယွမ်က သူ့အောက်မှာ လှဲလျောင်းပြီး စိုက်ကြည့်နေတယ်။
အရာအားလုံးက မုန်တိုင်းတိုက်ခတ်သွားသလို ဖြစ်ပြီး သူမ အဲ့အရာ ဖြစ်ပျက်လာမှာကိုတောင် တွေးလုနီးပါးပေမယ့် တကယ် မဖြစ်လာခဲ့ပါဘူး။

အရေးပေါ်အချိန်လေးမှာ သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်။

ကုယွမ်ရဲ့ အသက်ရှူသံက တည်ငြိမ်သွားပြီး သူမ မျက်လုံးတွေက စိုစွတ်နေကာ ထမလို့လုပ်တော့ သူက သူမကို တွဲကူပေးလာတယ်။

ဒါပေမယ့် သူမရဲ့ ဝတ်စုံရဲ့ ပုခုံးကြိုးတွေက လျောကျသွားပြီး အကာအကွယ်မရှိတဲ့ နူးညံ့တဲ့ ပုခုံးသားလေးကို လှစ်ဟာပြလာတယ်။

တစ်ဖက်က အမျိုးသားရဲ့ မျက်လုံးတွေက ပူလောင်ပြင်းပြလာတယ်။

"ကိုယ် ကူညီပေးမယ်"

"အွန်း"

ဟော်ကျင်းချန်ရဲ့ အသက်ရှူသံက လေးလံလာတယ်။ သူ့ရဲ့ ရှည်သွယ်တဲ့ လက်ချောင်းတွေက ပုခုံးကြိုးတွေကို ပြန်ချည်ပေးလိုက်တယ်။

ထို့နောက် ခက်ခက်ခဲခဲ အကြည့်လွှဲလိုက်ရတယ်။ လေထုက မပြောပြနိုင်တဲ့ ရနံ့တစ်ခုဖြင့် လွှမ်းခြုံနေတယ်။

ကုယွမ်ရဲ့ ပါးပြင်လေးက နီမြန်းလာတယ်။

"ရှင်…ကျွန်မကို ထဖို့ ကူညီပေးမလား"

အဲဒါကိုကြားမှ ဟော်ကျင်းချန် ရုတ်ရက် သဘောပေါက်သွားတယ်။ သူက အခု သူမရဲ့ ကိုယ်ပေါ်မှာ အုပ်မိုးပြီး ထိုင်နေဆဲ ဆိုတာကိုပေါ့။ သူတို့ရဲ့ အောက်ပိုင်းတွေက အရမ်း နီးကပ်နေတယ်။

သူ့ရဲ့ မျက်လုံးထဲမှာ ရှက်ရွံ့မှုတို့ ပေါ်လာပြီး ချက်ချင်းပဲ သူ့ရဲ့ကိုယ်နေဟန်ထားကို ပြောင်းရွှေ့ထိုင်လိုက်တယ်။

ကုယွမ်လည်း မသိစိတ်က စိတ်သက်သာရာ ရသွားတယ်။ သည်အမျိုးသားရဲ့ မျက်လုံးတွေထဲက မီးတောက်က သူမကို တိုက်ရိုက် မျိုချတော့မလိုပဲ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now