Chapter 80

4K 443 4
                                    

Chapter 80

လော့ကျွင်းထျန် : "ဦးထုပ်စိမ်းလား။ ဘာကိုဆိုလိုတာလဲ။ မစ္စတာလု ဦးထုပ်စိမ်း အဆောင်းခံလိုက်ရတာလား "

လုကျီးချန်ရဲ့ အပြုံးက တောင့်တင်းသွားရတယ်။
"လူငယ်လေး၊ လှည့်ပတ်ပြောနေရတာ ပျင်းဖို့ကောင်းပါတယ်ကွာ။ မင်းရဲ့ နှလုံးသားတစ်ခုလုံး ပုံအပ်ထားတဲ့ ကုယွမ်က အခု အခြားတစ်ယောက်နဲ့ ပူးကပ်နေတယ်ဆိုတာရော သိရဲ့လား"

လော့ကျွင်းထျန်ရဲ့ အကြည့်များ အေးစက်သွားပေမယ့် မျက်ခုံးပင့်ပြီး မေးလိုက်တယ်။
"အိုး…ဘယ်တစ်ယောက်လဲ"

လုကျီးချန်က စာနာတဲ့ အပြုံးနဲ့ "မင်း အခုအချိန်ထိ အလိမ်ခံနေခဲ့ရတာလား။ ကုယွမ်၊ ဒီမိန်းကလေးက မင်းထင်သလောက် မရိုးရှင်းဘူးနော်။ သူမရဲ့ စိတ်ရင်းမှန်က မင်းတွေးထားသလို မဟုတ်ဘူး"

လော့ကျွင်းထျန်က ဘာမှမပြောပေ။

လုကျီးချန်က အံ့သြစွာဖြင့် "သူမက အရင်ဆုံး မင်းကို အမိဖမ်းပြီး 'XuanJi Palace' က အခွင့်အရေးကို အရယူခဲ့တယ်။ ဒါပေမယ့် သူမက ဒီလောက်နဲ့ မတင်းတိမ်နိုင်တော့ နျဲ့သားအဖနှစ်ယောက်ကိုပါ အမိဖမ်းခဲ့တာ"

"နျဲ့ယွီတို့ သားအဖလား"

လုကျီးချန်တစ်ယောက် လူငယ်လေးရဲ့ တုံ့ပြန်မှုကြောင့် စိတ်လှုပ်ရှားလာခဲ့တယ်။
"ဟုတ်တယ်၊ ငါ့အမြင် မမှားနိုင်ဘူး။ နျဲ့နန်ချင်း သူမကို စကားပြောတဲ့လေသံအရ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိလိမ့်မယ်။ မထင်ထားတာက နျဲ့ယွီနဲ့လည်း သူမ ဆက်ဆံရေးက မရိုးရှင်းဘူး။ သူမက တစ်ခါတည်းနဲ့ အဖေရော၊ သားပါ အမိဖမ်းနေတာပဲ"

လော့ကျွင်းထျန်တစ်ယောက် မျက်မှောင်ကျုံ့လိုက်တယ်။ နျဲ့နန်ချင်းက ငါ့ရဲ့ မားကို စိတ်ဝင်စားနေတာလား။

သူ့ရဲ့မားကို နျဲ့နန်ချင်း လက်ဆောင်ပေးခဲ့တဲ့ ပုံတူရွှေရုပ်ထုကို သတိရသွားတယ်။ နျဲ့နန်ချင်းက အဲဒီအချိန်ကလည်းက မားကို စိတ်ဝင်စားနေတာများလား။ ကျေးဇူးတင်လက်ဆောင်ပေးချင်ရင် ကျွန်းတစ်ခု ဒါမှမဟုတ် မားရဲ့နာမည်နဲ့ ကျောင်း၊ ဆေးရုံ တစ်ခုခု ဆောက်ပေးလို့ရတယ်လေ။ ဘာလို့ ဒီလောက် စိတ်ရှုပ်ခံနေမှာလဲ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now