Chapter 126 (ကန္တာရထဲက ညအချိန်ခါ)
ထိုသတင်းကိုကြားတော့ ကုယွမ်ရဲ့
နှလုံးက အရိုင်းဆန်စွာ ခုန်ပေါက်နေခဲ့တယ်။"သူ ဘယ်လိုနေလဲ၊ အခု ဘယ်နေရာမှာလဲ"
ဟော်ကျင်းချန် : "စိတ်မပူပါနဲ့၊ သူ့ကို မတွေ့သေးပေမယ့် ကျွန်တော့်လူတွေက သတင်းအတိအကျရထားတယ်။ သူ အခုလုံခြုံနေပါတယ်"
ကုယွမ်တစ်ယောက် စိတ်သက်သာရာရသွားပေမယ့် သည်သားကိုတွေ့ဖို့ အလျင်လိုနေတုန်းပါပဲ။
"မစ္စတာ ဟော်၊ ရှင်အခု ဘယ်မှာလဲ။ ကျွန်မ အဲ့နေရာကိုလာဖို့ အဆင်ပြေလား။ ကျွန်မ တကယ် သူ့ကို မြန်မြန် တွေ့ချင်နေလို့ပါ"
ဟော်ကျင်းချန် : "ကောင်းပြီ၊ ကျွန်တော် မင်းသား Muquada ကို ပြောထားလိုက်မယ်။ မင်းလာရင် နွေးနွေးထွေးထွေး ဝတ်ခဲ့နော်။ ကန္တာရထဲမှာ ညအချိန်ဆို အရမ်းအေးတယ်"
ကုယွမ်က အရမ်းပျော်ရွှင်သွားကာ ခေါင်းတဆတ်ဆတ်ညိတ်ပြီး မေးလိုက်တယ်။
"ကျွန်မ ဘာယူလာဖို့လိုသေးလဲ"
ဟော်ကျင်းချန်က နွေးထွေးသော အသံဖြင့် ...
"မလိုပါဘူး၊ ဒီတိုင်း လာရုံပဲ"ကုယွမ်က ထိုစကားကိုကြားတော့ ဘာကြောင့်မှန်းမသိ ရယ်ချင်လာတယ်။
ဖုန်းချပြီးတာနဲ့ အဝတ်အစားလဲ ဝတ်တော့တာပေါ့။
သူမ သည်တစ်ခေါက် အလျင်စလို လာခဲ့ရပေမယ့် ကန္တာရထဲက အပူချိန်ကွာခြားချက် ကြီးမားမှုကို သိတာကြောင့် ထူထဲတဲ့ အဝတ်အနည်းငယ် ယူလာခဲ့ပါတယ်။သူမကိုယ်သူမ အဝတ်တွေ အထပ်ထပ်ဝတ်နေချိန်မှာ တံခါးခေါက်သံကို ကြားလိုက်ရတယ်။ မင်းသား Muquada က Takalamham ကို သွားဖို့ လေယာဥ်အဆင်သင့်ဖြစ်ပြီလို့ လာပြောခြင်း ဖြစ်ပါတယ်။
သူမက ကျေးဇူးတင်လိုက်ပြီး သူ့နောက်ကို လိုက်သွားတော့ အပြင်ဘက်မှာ ဟယ်လီကော်ပတာ အသေးလေး တစ်စင်းကို မြင်လိုက်ရတယ်။
သူမ လေယာဥ်ပေါ်ရောက်တော့ အပြင်ဘက်ကို ကြည့်လိုက်ရာ နက်မှောင်တဲ့ ကောင်းကင်ကြီးကို နောက်ခံပြု၍ စိန်ပွင့်လို ကြယ်များ ပျံ့ကျဲနေပုံမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှပေတယ်။