Chapter 68

4.1K 504 5
                                    

Chapter 68 (အစ်ကိုဖြစ်သူကိုအကဲခတ်ခြင်း)

လော့ကျွင်းထျန်က ပြုံးပြနေပေမယ့် နျဲ့ယွီကတော့
သဘောမကျပါဘူး။

သူ့အမေကို လုယူသွားနိုင်တဲ့ကောင်လေ၊ ဘယ်သူက သဘောကျမှာတဲ့လဲ။

မားရဲ့သားဆိုရင် သူ့ရဲ့ပြိုင်ဖက် ဖြစ်လာမယ်။ မဟုတ်ဘူးဆိုရင် မားနဲ့ ဝေးဝေးမှာ ထားရမယ်။

နျဲ့ယွီဟာ အေးစက်စက် အမူအရာ လေသံနဲ့အတူ
မေးလိုက်ပါတယ်။
“ခင်ဗျားက လော့ကျွင်းထျန် မဟုတ်လား။ ခင်ဗျား မားကို အမြဲကူညီပေးနေတယ်လို့ မားကပြောတယ်။ မားက ရိုးသားပေမယ့် ကျနော်ကတော့ အဲလို မဟုတ်ဘူး။ ခင်ဗျားမှာ ဘာရည်ရွယ်ချက်ရှိလို့ ဒီလိုလုပ်နေရတာလဲ”

လော့ကျွင်းထျန်က သည့်ထက်ပိုပြီး နွေးထွေးစွာပြုံးလိုက်တယ်။
“ဟုတ်လား၊ ကျွန်တော် ဘာအတွက် ဒီလိုလုပ်နေတယ်လို့ ဒီဘက်က ထင်သလဲ”

နျဲ့ယွီ : “ခင်ဗျားဟာခင်ဗျား ဘာရည်ရွယ်ချက်ပဲရှိရှိ လုံးဝဖြစ်စေမှာ မဟုတ်တာတော့ အာမခံတယ်”

လော့ကျွင်းထျန် (ပြုံးရယ်လျက်) : “ဟုတ်လား။ တကယ်ပဲ ဒီလိုထင်တယ်ပေါ့”

နျဲ့ယွီ : “ခင်ဗျား ကျုပ်အကြောင်းကို ကြားဖူးမှာပါ။ ခင်ဗျား ဒီလောကကကနေ နာမည်ပျက်စာရင်းထဲ မဝင်ချင်ရင် ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ဖို့ ပြောချင်တယ်”

လော့ကျွင်းထျန် : “ဟုတ်ပါပြီ။ နောက်ဆို ကျွန်တော် ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်လိုက်ပါ့မယ်”

နျဲ့ယွီကတော့ သည်အဖြေကို သဘောမကျပါဘူး။
သူ့ကို မခန့်လေးစားလုပ်နေတယ်လို့ပဲ မြင်နေတယ်။

သည်အချိန်မှာ သူ ချီစန်းကို သည်နေရာမှာ ရှိနေစေချင်လေရဲ့။

နျဲ့ယွီ (ချီစန်းအသံကိုတုပလျက်) : “ဒီမှာ၊ ခင်ဗျား ကြပ်ကြပ်သတိထားနေ။ ကျုပ်အမေကို လာထိတဲ့သူတိုင်း အနာဂတ်ပျောက်အောင် ကျုပ်လုပ်နိုင်တယ်ဆိုတာ သဘောပေါက်ထားပါ”

အဲ့အချိန်မှာ ကုယွမ်ဟာ မုန့်ထုပ်ကို ပိုက်ကာ ကားပေါ်က ဆင်းလာပါတယ်။
“နျဲ့ယွီ၊ ဘာတွေပြောနေတာလဲ”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now