Chapter 130

3.5K 354 3
                                    

Chapter 130 (အဲဒါ ကျွန်တော့်အမေ)

Tuareg အုပ်စုမှာ ပြန်လည် ဆုတ်ခွာသွားကြတယ်။
ကုယွမ်က တဲရဲ့ ပြတင်းပေါက်ကနေ 'ဖုန်း' လို့ အော်ခေါ်နေတဲ့ ကောင်မလေးကို မြင်လိုက်ရတယ်။
သူမက အရမ်းလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ကြေးညိုရောင်မျက်နှာအသားအရေထက်မှာ ထူးဆန်းတဲ့ အမှတ်တစ်ခု ရှိနေတယ်။

အနက်ရောင်ဆံပင်ရှည်တွေဖြင့် အရိုင်းဆန်ကာ လှပတယ်။ သူမက ကုယွမ်ရဲ့ လက်မောင်းတွေထဲက ယင်ဖုန်းကို ကြည့်လာပေမယ့် သားဖြစ်သူကတော့ စိတ်မဝင်စားဘဲ အရေးကြီးတဲ့ တစ်စုံတစ်ခုကို တွေးနေပုံပေါ်တယ်။

သူ အတွေးနက်နေချိန်မှာ ဝိညာဥ်လွင့်နေတဲ့သူနဲ့ မခြားမနားပါပဲ။ ကုယွမ်က သူ့မျက်နှာကို ခရမ်းပြာရောင် မျက်နှာကာ ပြန်တပ်ပေးလိုက်တာတောင် သူက မလှုပ်ပါဘူး။

Tuareg တွေ ပြန်လည်ဆုတ်ခွာသွားတဲ့အချိန်မှာ ဟော်ကျင်းချန်က လူတွေအားလုံးကို လေယာဥ်ပေါ်တက်ဖို့ အမိန့်ပေးလိုက်တယ်။

နျဲ့ယွီက အလျင်စလို ပြေးလာပြီး ကုယွမ်နဲ့ ကျန်းယင်ဖုန်းကို လေယာဥ်ပေါ်တက်ဖို့ စောင့်ကြပ်ပေးတယ်။
"မား…အတူတူထိုင်ရအောင်"

ထိုအချိန်မှာ ကျန်းယင်ဖုန်းက ကုယွမ်ရဲ့ လက်မောင်းတွေထဲက ထွက်လာနှင့် ပြီးပါပြီ။ သူက ထပ်ပြီး မကြောက်တော့ဘူး။

သူ့ ကိုယ်ပိုင်အတွေးနွံထဲ နစ်ကာ ပတ်ဝန်းကျင်က အရာအားလုံးကို လစ်လျူရှုထားပုံပေါ်တယ်။

အဲဒါကိုကြည့်ရင်း သုတေသနပညာရှင်သားလေးက Celestial Planet Meteorite အကြောင်း တွေးနေလိမ့်မယ်လို့ ခံစားမိတာကြောင့် သူ့ကို အနှောက်အယှက် မပေးရဲပါဘူး။ ဂရုတစိုက်ဖြင့် သူ့ရဲ့လက်ကို ဆွဲကာ လေယာဥ်ဆီကို ခေါ်သွားလိုက်တယ်။

သူက သတိမထားမိသေးဘဲ နာနာခံခံ လိုက်လာကာ လမ်းလျှောက်နေတုန်းမှာတောင် ကုယွမ် နားမလည်နိုင်တဲ့ စကားလုံးတွေကို ရေရွတ်နေခဲ့တယ်။

လေယာဥ်ပေါ်ရောက်တော့လည်း သူက ထိုင်ဖို့မတွေးဘဲ နေရာမှာတင် မတ်တပ်ရပ်နေခဲ့တယ်။ သူ့ရဲ့ခေါင်းက ဘေးကို အနည်းငယ်စောင်းကာ မျက်မှောင်ကျုံ့လျက် ဆက်တွေးနေတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now