Chapter 150
နောက်ဆုံးတော့ ဆေးရုံကို မသွားဖြစ်ပဲ company ကိုပဲ ရောက်လာကြပါတယ်။ ကုယွမ်ကတော့ သူ့သားကို ဆေးထည့်ပေးနေတာပေါ့။
“ဆေးရုံ သွားရအောင်ပါဆို၊ အမာရွတ် ကျန်တာ
ပေါ့ ချီစန်းရဲ့”“ကျွန်တော့်မှာ အရေးကြီး အစည်းအဝေးတစ်ခုရှိသေးလို့”
“သြော်၊ အဲဒါကို ရန်ကျဖြစ်ရသလား အစည်းအဝေးက လူတွေက ဒီမျက်နှာကို မြင်ရင် အတင်းတွေပြောကြမှာပေါ့”
“ဘယ်သူပြောရဲမလဲလို့ မား စောင့်ကြည့်နေလိုက်လေ”
ဟုတ်သားပဲ။ သူ့သားက ကျီချီစန်းဆိုတာ ခဏတာမေ့လျော့နေခဲ့တာပဲ။
“မား၊ အစည်းအဝေးက မိနစ်လေးဆယ်လောက်
ကြာမှာ။ မား ဒရိုင်ဘာနဲ့ အိမ်ပြန်နှင့်မလား။
ကျွန်တော့်ကို စောင့်ဦးမလား”“မင်းကိုပဲ စောင့်လိုက်တော့မယ်လေ”
“အာ့ဆို မား၊ နားနေခန်းထဲမှာ နားနေနော်။ စားစရာတွေကို ကျွန်တော့် အတွင်းရေးမှူးကို စီစဉ်ခိုင်းလိုက်မယ်”
“အင်းပါ၊ သွား သွား”
အဲ့နောက် ကုယွမ်ဟာ နားနေခန်းထဲမှာ ဖုန်းကို ချက်ချင်းကောက်ယူပြီး ဟော်ကျင်းချန်ဆီကို
စာပို့လိုက်ပါတယ်။မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး : "ရှင် အဆင်ပြေရဲ့လား”
“ဆေးရုံ သွားပြဖြစ်လား”
“ဟေး၊ စကားပြောဦးလေ။ ကျွန်မကို စိတ်ဆိုးနေ
တာလား”HJC : “မဟုတ်ပါဘူး”
မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး : “ရှင် အရမ်းနာနေလား ...”
HJC : “ဖုန်း ခေါ်လိုက်မယ်လေ”
အဲဒီနောက် ဖုန်းက ချက်ချင်းဝင်လာခဲ့ပါတယ်။
HJC : “ကိုယ် အခု မိသားစုဆရာဝန်ဆီက ဆေး
ထည့်ထားတယ်။ ဘာမှသိပ်မဖြစ်ပါဘူး၊ ၁ ရက်၊ ၂ ရက်နေရင် ကောင်းသွားမှာပါ”မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး : “အင်းပါ၊ တော်သေးတာပေါ့”
HJC : “မစ္စတာ ကျီရော၊ ဘယ်လိုနေလဲ”
မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး : “သူလည်းအဆင်ပြေပါတယ်။ ဆေးရုံတော့ မသွားဖြစ်ဘူး။ အစည်းအဝေးရှိလို့ ကျွန်မပဲ ဆေးလိမ်းပေးလိုက်တယ်”