Chapter 184

2.4K 196 2
                                    

Chapter 184

သည်အိမ်မက်ကြီးက အရမ်းကို ရှည်လျားလှတဲ့အိမ်မက်တစ်ခုပါ။

အိမ်မက်ထဲက အရာရာတွေဟာ လက်တွေ့ဆန်နေ
သလို သူမကို ဇာတ်လမ်းတစ်ပုဒ်အသွင် အဖြစ်အ
ပျက်တိုင်းကို တင်ဆက်ပေးနေပါတယ်။

အိမ်မက်ထဲမှာ ကုယွမ်ဟာ အသက် ၂၀ သာရှိသေးပြီး ဒေါက်တာလော့က သူမကို ညင်သာစွာပြုံးပြနေတယ်။

သူမကို ခဏတာပဲ အိပ်ပျော်သွားမှာပါလို့ ဒေါက်တာလော့က နှစ်သိမ့်ပေးနေတာပါ။

ဒါပေမယ့် သူမ နိုးထလာတဲ့အခါ သူမရဲ့အရှေ့ကဒေါက်တာ လော့ဟာ အသက်ကြီးနေခဲ့ပြီး သူမမှာ အသက်အရွယ် မတူတဲ့ သားငါးယောက်ပါရှိနေခဲ့ပါပြီ။

သူမဟာ သည်အခြေအနေနဲ့ ရင်းနှီးကျွမ်းဝင်မှူရှိသွားပြီးနောက် ဟော်ကျင်းချန်နဲ့ တွေ့ဆုံခဲ့ရတယ်။

သူမနဲ့ ကျင်းချန်တို့ ချစ်ကြည်နူးနေတဲ့အချိန်မှာ
သူမ မေ့လဲသွားခဲ့တာပါ။

သည်တော့ သူမ အခု အေးခဲနေတာလား ... အသက်ရှင်နေသေးရဲ့လား ...

သူမ မျက်လုံးကို ဖွင့်ကြည့်ချင်ပေမယ့် လုံးဝဖွင့်လို့
မရခဲ့ဘူး။

သူမဟာ အေးစက်လှတဲ့လမ်းမှာ အဆုံးမရှိ လျှောက်လှမ်းနေခဲ့တယ်။

သူမ အော်ဟစ်လိုက်ချင်ပေမယ့် လည်ပင်းကနေ ဘာသံမှ ထွက်မလာခဲ့ပါဘူး။

ရုတ်တရက် သူမဟာ ကျင်းချန်ကို သတိရလာခဲ့တယ်။ သူမကို အခု ကျင်းချန်တစ်ယောက် စိတ်များ ပူနေမလား။ လန်တင်းကရော၊ ချိုချဉ်ဆိုင်
မှာပဲလား။

သူမ ချွေးတွေ ထွက်လာသလို ခံစားရပြီးနောက် ခပ်ဝေးဝေးကနေ အသံတစ်သံ ကြားလိုက်တယ်။
“ကုယွမ်၊ ကျွန်တော် ပြောတာကို ကြားရရဲ့လား”

ဒါဟာ ဒေါက်တာ လော့ အသံပဲ။ သူက ဘယ်လိုလုပ် သည်ကို ရောက်လာရတာလဲ။

လန်တင်း : “မား၊ သား လန်တင်းပါ။ မြန်မြန် နိုးထ
လာပါတော့”

သူမက လန်တင်းကို စိတ်မပူစေဖို့ ပြောချင်ပေမယ့်
သူမရဲ့အသံက လည်ပင်းထဲကနေကို ထွက်မလာခဲ့ပါဘူး။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now