Chapter 159 (ကြယ်တံခွန်ကို အမည်ပေးခြင်း)
ကုယွမ်တစ်ယောက် သူမရဲ့ သားတွေနဲ့ ဟော်ကျင်းချန်တို့ ဘာပြောခဲ့ကြလဲဆိုတာ မသိပေမယ့် သူတို့တွေ မပျော်မရွှင် ဖြစ်နေကြတာကိုတော့ မြင်နိုင်ပါတယ်။
သူမရဲ့ အကြည့်တွေကို သတိထားမိတဲ့ လော့ကျွင်းထျန်က အပြုံးလေးဖြင့် "ကျွန်တော်တို့ မားကို စိတ်ပူလို့ မစ္စတာ ဟော်နဲ့ စကားပြောခဲ့ရုံပါပဲ"
ကုယွမ်က ဂရုတစိုက် ပြောလိုက်တယ်။
"မတိုက်ခိုက်ကြဘူးလား"
လော့ကျွင်းထျန်ရဲ့ အပြုံးမှာ တောင့်တင်းသွားရပြီး ... "တိုက်ခိုက်တယ်တဲ့လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ"
သူမက ကျီချီစန်းကို ကြည့်လိုက်တော့ တစ်ဖက်လူက သူမကို ပြန်ကြည့်လိုက်ကာ ...
"မား အတွေးလွန်နေပြီ၊ ဒီတစ်ခေါက် အက်စီးဒန့်နဲ့ပတ်သက်ပြီး ပြောခဲ့တာပါ၊ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ပဲ ပြောခဲ့ကြတာ၊ လက်မပါဘူး"အိုး…မတိုက်ခိုက်ခဲ့ဘူးလား။
ကုယွမ်က လော့ကျွင်းထျန်နဲ့ နျဲ့ယွီကို ကြည့်လိုက်တယ်။ သူတို့ရဲ့ အမူအယာက ရန်သူကို သတ်ပစ်ဖို့ ပြန်လာကြသလိုပဲ။
ကျီချီစန်း : "ကျွန်တော်တို့က မစ္စတာ ဟော်နဲ့ ပူးပေါင်းပြီး ဒီကိစ္စကို စစ်ဆေးကြမှာ"
နျဲ့ယွီကလည်း အံကြိတ်ပြီး ခေါင်းညှိတ်ပြလာတယ်။
"ကျွန်တော်တို့ကြားမှာ ခိုက်ရန်ဖြစ်ပွားမှုတွေ မရှိဘူး"သောက်ကျိုးနည်း၊ ဘယ်သူက အဲ့သည့် ဟော်ကျင်းချန်နဲ့ ငြိမ်းချမ်းရေး ယူချင်နေလို့လဲ။
ဒါပေမယ့် နျဲ့ယွီတစ်ယောက် သည်းခံနေလိုက်တယ်။
ကုယွမ်က တစ်ခုခုမှားနေတာကို ခံစားမိတာကြောင့် ကျီချီစန်းကို ပြန်ကြည့်လိုက်ပြန်တယ်။
ကျီချီစန်းက အနည်းငယ် ချောင်းဟန့်လိုက်ပြီး "မား၊ အချိန်လည်း မစောတော့ဘူးဆိုတော့ ဗိုက်ဆာနေပြီမလား၊ အရင် စားကြရအောင်"
ဟော်လန်တင်း : "ဟုတ်တယ်၊ အရင် စားကြမယ်"
အဲ့လိုနဲ့ အမေနဲ့ သားငါးယောက်အတူတူ ညစာစားကြတယ်။