Chapter 22

4.7K 510 1
                                    

Chapter 22

အုပ်စုလိုက် ဓာတ်ပုံရိုက်ပြီးတဲ့အခါ ဟူယွဲ့ကျင်းဟာ ထွက်ခွာဖို့ သူမရဲ့လက်ထောက်ကို စောင့်နေခဲ့တယ်။ ဝမ်ယွဲ့ဟန်နဲ့ ချန်ယုတင်း တို့ကတော့ သူတို့ ဖုန်ထဲက ဓာတ်ပုံတွေကိုကြည့်ပြီး ပျော်လွန်းလို့ ထခုန်မတတ်ပါပဲ။

အဲဒီနောက် ချန်ယုတင်းက ဓာတ်ပုံကိုကြည့်ပြီး ပြောတယ် "အစ်မဟူ ကို ကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲနော်။ ငါပဲ အဲလို ထင်နေတာများလား"

ဓာတ်ပုံထဲက ဟူယွဲ့ကျင်းဟာ ကျော့ရှင်းလှပပြီး မိတ်ကပ်အထိ အဆင်ပြေနေပေမယ့် စိတ်ထဲတစ်ခုခုဖြစ်နေသလိုပဲ။

အပြုံးကြီးက လုပ်ပြုံးထားသလိုလို။ မျက်လုံးတွေကို ကြည့်လိုက်ရင် တစ်စုံတစ်ယောက်က သူမကို အတင်းအကြပ် ပြုံးခိုင်းနေတဲ့အတိုင်းပဲ။

မိန်းမငယ်လေးနှ‌စ်ယောက် အံ့ဩနေကြပြီး ...
"ဘာဖြစ်လို့ပါလိမ့်။ ငါတို့နဲ့ ဓာတ်ပုံရိုက်ရတာကိုများ သဘောမကျလို့လား မသိဘူး"

အဲ့အချိန်မှာ ကုယွမ်က ဘေးနားကနေ ပြောလိုက်တယ် "သူ ... သူ အရမ်း ပင်ပန်းနေလို့များလား"

သူမ ပြောတာကို ကောင်မ‌လေးတွေက လက်ခံသွားကြပြီး စကားတွေ ဆက်ပြောနေခဲ့တယ်။
"ဟူယွဲ့ကျင်းကလေ တကယ့်ကို ငါ့အိုင်ဒေါလ်ပဲ သိလား။ အနာဂတ်မှာ သူမဘဝရဲ့ တစ်ဝက်လောက်ပဲ ပျော်ရွှင်ရရင်ကို တော်ပါပြီဟယ်"

ချန်ယုတင်းတစ်ယောက် ခေါင်းအခါခါညိတ်ပြီး‌ထောက်ခံပါတယ်။
"ဟူယွဲ့ကျင်းမှာ ဘုရားက ပေးထားတဲ့ မျက်နှာလှလှလေး ရှိရုံသာမက သူမရဲ့ခင်ပွန်းကလည်း အရမ်းကိုချမ်းသာပြီး ဟဲ့ရှန်းရဲ့ပိုင်ရှင် ချန်ဟဲ့ရန်လေ။ အရင်တုန်းက ချန်ဟဲ့ရန်က မိန်းမရှုပ်တယ်တဲ့။ စီနီယာ အစ်မဟူနဲ့ ယူပြီးမှ ခြေငြိမ်သွားတာဆိုပဲ။ ဇာတ်လမ်းတစ်ပုဒ် ရိုက်လို့ရလောက်တဲ့အထိ လှပတဲ့ အချစ်ဇာတ်လမ်းလေးပေါ့ဟယ်"

ဒါတွေကို နားထောင်နေတဲ့ ကုယွမ်ဟာ အတိတ်ကို ပြန်စဉ်းစားမိတယ်။ အဲ့အချိန်တုန်းက စာနေ့တိုင်းရေးပေးနေတဲ့ ဟူယွဲ့ကျင်းရဲ့ကောင်လေးရှိတယ်။မင်းချစ်တဲ့သူက မင်းကိုထာဝရချစ်နေမယ်ဆိုတဲ့ တစ်ယောက်ပေါ့။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now