Chapter 37

4.7K 549 10
                                    

Chapter 37

နျဲ့ယွီ အော်ဟောက်လိုက်တယ်။ ဗီလာတစ်ခုလုံး တိတ်ဆိတ်သွားရတယ်။

ချန်းရှောက်နှင့် ပျန့်ကျင်းယွင်တို့ဟာ မယုံနိုင်စွာဖြင့် သူတို့ရဲ့ပါးစပ်များ ပွင့်ဟလျက် နျဲ့ယွီကိုကြည့်လိုက်ကြတယ်။

ဒါက ဘာကို…

နှစ်ယောက်သား နျဲ့ယွီကိုကြည့်လိုက် ကုယွမ်ကိုကြည့်လိုက်ဖြင့် ဘာဖြစ်ပျက်သွားလဲဆိုတာကို နားမ
လည်နိုင်သည့်အလား။

သူ့ရဲ့ တာဝန်ကို လုပ်ဖို့ နျဲ့ယွီအနားကို လျှောက်လာတဲ့ အိမ်တော်ထိန်း ကျူးကောလည်း ကြက်သေ,သေသွားရတယ်။

ပရော်ဖက်ရှင်နယ် အိမ်တော်ထိန်းတစ်ယောက်ရဲ့ အရည်အသွေးတွေက တစ်စစီ ကြေမွသွားလေရဲ့။
ဆွံ့အမှုနှင့်အတူ ထိတ်လန့်မှုက ဒွန်တွဲနေတယ်။

မနေ့တုန်းကတောင် စိတ်လှုပ်ရှားစွာဖြင့် သူ့ရဲ့သခင်ကို ဖုန်းခေါ်ခဲ့သေးတယ်လေ။ နောက်ဆုံးတော့ သခင်လေးက ပန်းပွင့်လေးတွေကို မဆွဲဆောင်တော့ဘဲ သူ့ကိုထိန်းပေးမယ့် ချစ်သူကောင်မလေး ရှာတွေ့သွားပြီ လို့တောင် ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် အခု သခင်လေးက ထိုမိန်းကလေးကို သူ့အမေလို့ ပြောလိုက်တာလား။

သူမက သူ့ရဲ့ အမေ...အမေ...အမေ ... ... ...

အဟွတ်...အဟွတ်…အဟွတ် ...
အိမ်တော်ထိန်းကြီး ကျူးကော တစ်ယောက် ချောင်းဆိုးရလွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလာတော့တယ်။

ကုယွမ်ကတော့ အကူအညီမဲ့စွာဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ် လိုက်တယ်။ သူမရဲ့ မျက်နှာက အမြဲတမ်း ပြသာနာတစ်ခုဖြစ်နေတာပဲ။ ဖြတ်သွားဖြတ်လာတွေကို အမှန်အတိုင်း ပြောပြရင်တောင် ဘယ်သူမှ သူမကို ယုံကြည်ကြမှာ မဟုတ်ဘူး။

နျဲ့ယွီ အေးစက်နေတဲ့ မျက်နှာဖြင့် ပြောလိုက်တယ်။
"မင်း ရှင်းရှင်းလင်းလင်း မကြားလိုက်ဘူးလား။ သူမက ငါ့ရဲ့ အမေ…ငါ့ရဲ့ အမေလို့… ဆေးပညာအရ ငါ့ရဲ့ အမေအရင်းဘဲ။ သူမရဲ့ နှာခေါင်းက ငါ့ရဲ့နှာခေါင်းနဲ့ တူတယ်လို့ မထင်ဘူးလား။ အမေနဲ့ သားက ဆင်တူတယ်လေ၊ မင်းတို့မမြင်ကြဘူးလား"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now