အရင်ဆုံး ကိုယ်သိသလောက်လေး noble တွေရဲ့ positionကို ပြောပြပေးချင်ပါတယ်။
Grand Duke - ဒီရာထူးကကျတော့ emperors , king or queen ထက် နိမ့်ပြီးတော့ prince or duke တွေထက် မြင့်တယ်ပေါ့နော် ဘုရင်လောက် နီးနီးကို အာဏာရှိပြီး ကိုယ်ပိုင်စစ်တပ်လဲ ပိုင်ဆိုင်ပါတယ်။နယ်မြေအများအပြားအုပ်ချုပ်နိုင်ပြီးတော့ အဲ့နယ်မြေတွေရဲ့ တရားစီရင်ရေး ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ သံတမန်ရေးစသဖြင့် တာဝန်ယူရပြီး လက်အောက်က ရာထူးအဆင့်ဆင့်ကိုလဲ အုပ်ချုပ်ရပါတယ်
Duke - ဒီရာထူးကတော့ တော်ဝင်မျိုးနွယ် ဒါမှမဟုတ် မျိုးရိုးမြင့်တဲ့ မိသားစုက အမျိုးသားတစ်ဦးကို ပေးတဲ့ titleဖြစ်ပြီးတော့ နယ်မြေအလိုက် အုပ်ချုပ်နိုင်တဲ့ အာဏာရှိတယ်။ Grand duke က တစ်တိုင်းပြည်လုံးက စစ်တပ်ကို အုပ်ချုပ်နိုင်သလို duke က နယ်မြေ တစ်ခုဆိုတစ်ခု အဲ့နယ်မြေမှာ စစ်တပ်ကို အုပ်ချုပ်လို့ရနိုင်တယ် ။
Marquis- ဒီရာထူးက duke ထက်နိမ့်ပြီးတော့ Count တို့ Viscountတို့ထက် မြင့်တယ်ပေါ့နော်။အများအားဖြင့် တိုင်းပြည်ရဲ့ နယ်နမိတ်ကို စောင့်ကြပ်ပေးရတဲ့ ရာထူးဖြစ်ပြီးတော့ ကိုယ့်တိုင်းပြည်ကို တစ်ခြားတိုင်းပြည်က တိုက်ခိုက်လာတဲ့အခါ ကာကွယ်ပေးရတဲ့ ရာထူးဖြစ်ပါတယ်။
Count - ဒီရာထူးကတော့ မျိုးရိုးမြင့် မိသားစုက ရနိုင်တဲ့ ရာထူးဖြစ်ပြီးတော့ ပြည်နယ်အလိုက် အခွန်ကောက်ခံတာတွေ လက်နက်အင်အားထောက်ပံ့ပေးတာတွေအပြင် တော်ဝင်မိသားစုက အမိန့်ချသမျှ လုပ်ရတဲ့ ရာထူးဖြစ်ပါတယ်။
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*